Monday, February 2, 2015

အရေပြားအလှအပကို ကျန်းမာအောင် ဘယ်လိုထိန်းသိမ်းမလဲ



အမျိုးသမီးထုရဲ့ အလှအပဆိုင်ရာ ခန္ဓာကိုယ်ထိန်းသိမ်းရေးပုံသဏ္ဍာန်တွေဟာ လွန်ခဲ့တဲ့ ၂နှစ်ကျော်လောက်ကစလို့ သိသိသာသာတိုးတက်လာသလို အလှအပဆိုင်ရာ Spa တွေကလည်း ရန်ကုန်မှာ အတော်ကလေး ဖွံ့ဖြိုးလာနေပါတယ်။ ဒီအရှိန်ဟာ လာမယ့် ၄--၁ဝနှစ်အထိ အရှိန်မပျက် ဖွံ့ဖြိုးနေမယ်လို့ Woman's Lifestyle Day ဟောပြောပွဲမှာ ပြောဆိုခဲ့ပါတယ်။
အာရှဒေသတွင်းက စင်္ကာပူ၊ မလေးရှားအပါအဝင် အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ စတဲ့အနောက်နိုင်ငံတွေမှာ Spa လုပ်ငန်းဟာ အောင်မြင်တဲ့စီးပွားရေးဖြစ်ပြီး မိန်းကလေးတွေတင်မက ယောက်ျားလေးတွေပါ Spa ကိုအသုံးပြုလာကြတာမို့ မြန်မာလူထုလည်း အလှအပနယ်ပယ်မှာ အမြင်ကျယ်လာကြပြီလို့ ကိုပြည်ကျော်က ပြောပါတယ်။ ဒီနိုင်ငံမှာ အရှိန်မဟုန်မပျက်ဘဲ ဆက်လက်ဖွံ့ဖြိုးနေမယ်လို့ ဆိုပါတယ်။
တော်ဝင်ဂါဒင်းဟိုတယ်မှာ ကျင်းပတဲ့ ဒီဟောပြောပွဲမှာ ပရိသတ်တစ်ယောက်အနေနဲ့ နားထောင်ခဲ့တဲ့ သရုပ်ဆောင် မေကဗျာက အရေပြားလှပဖို့ထက် အရေပြားကျန်းမာနေဖို့က မိန်းကလေးတစ်ယောက်အတွက် ပိုအရေးသလို လူတစ်ယောက်အတွက် အလှအပတွေချည်း ပြင်ဆင်နေဖို့ မလိုအပ်ပေမယ့် ရှင်းသန့်ပြီး အသားအရေစိုပြေ။ ကြည်လင်နေဖို့ အရမ်းအရေးကြီးတယ်လို့ ဆိုပါတယ်။
Shangri-La Spa ရဲ့ဖောက်သည်တွေအတွက် ရည်ရွယ်ကျင်းပတဲ့ ဒီဟောပြောပွဲမှာ ပြင်သစ်သူ Melanie Grillon က ဝိုင်သောက်ခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးနဲ့ အစားအစာတွေကို ဘယ်လိုဝိုင်မျိုးနဲ့ တွဲဖက်သုံးဆောင်ရမယ်ဆိုတာ ပြည့်ပြည့်စုံစုံ တင်ပြခဲ့သလို နိုင်ငံတကာ မိတ်ကပ်ပညာရှင် ခိုင်စင်ဒီစိုးကလည်း အရေပြားအလှအပနဲ့ ကျန်းမာရေးအကြောင်းတွေ ဆွေးနွေးခဲ့ပါတယ်။
တိုးတက်လာတဲ့ ဒီကနေ့ခေတ်မှာ အမျိုးသမီးထုတင်မက အမျိုးသားထုကြီးကပါ အရေပြားကျန်းမာရေး အရေးပါတယ်ဆိုတာ သိဖို့နဲ့ တကယ့်အလှစစ်ကို ပိုင်ဆိုင်ဖို့ကတော့ အပြင်ပန်းအလှတင်မက အတွင်းအလှကိုပါ အာရုံစိုက်ဖို့လိုတယ်လို့ ဆိုပါတယ်။


 Credit>>>Kamayut Media

No comments:

Post a Comment