
့ရေနဂါး(seahorse) တွေ ဗိုက်မှာအပေါက်ပါတာအထီးတဲ့ဖြစ်ပါသတဲ့၊ အထီးက ဗိုက်မှာဘာလို့ အပေါက်ပါတာလဲဆိုတော့အင်း.့ရေနဂါး(seahorse) တွေမှာ အထီးက ကလေးမွေး လို့ဆိုပဲ။
ဘယ်လိုရှုပ်ရှပ် ယှက်ယှက်ကောင်တွေလဲမသိပါဘူးဗျာ၊ ကိုယ်အလုပ်ကို လဲ ကိုယ်မလုပ်ကြဘူး အမှန်ကတော့ မိတ်လိုက်ပြီးတဲ့အချိန်မှာ အမတွေက အထီးရဲ့ဗိုက်မှာရှိတဲ့ သားအိမ်အိတ်လေးထဲကို ဥ ဥပြီးထည့်ပေးသွားတာတဲ့ ။
[လူလည်ကျ အဲလေ…. ရေနဂါးလည်ကျတာပေါ့ဗျာ]
ေ
အောင်မယ် ..... မိတ်မလိုက်ခင် သူတို့တွေချစ်ကြည်နူးနေကြတာ ရက်အတော်ကြာသတဲ့ အဲဒီကာလဟာ အမက ဥဥချနိုင်ဖို့ နဲ့ အထီးက ဒီဥတွေကို လက်ခံနိုင်ဖို့ အဆင်သင့်ပြင်နေကြရင်း အခြေအနေကို ညှိနိုင်းနေချိန်လို့ဆိုတယ်၊ အဲဒီ အချိန်မှာ သူတို့က အမြှီးချင်းချိတ်ပြီး ပင်လယ်ရေမှော်ကြားထဲမှာ အတူတူ ပုံစံအမျိုးမျိုးနဲ့ လျှောက်ကူးကြသေးဆိုပဲ။ [ကုလားကားတွေထဲမှာ မင်းသားနဲ့မင်းသမီး လက်ချင်းချိတ်ပြီး ပန်းခင်းထဲလျောက်ပြေးရင်း 'က' ကြသလိုမျိုးနဲ့တူတယ်။ ]
အဲဒါကို “pre-dawn dance" လို့ခေါ်သတဲ့။ လေ့လာသူ ပညာရှင်တွေက နာမည်ပေးထားတာပေါ့ဗျာ။ မြန်မာလို တော့ လင်းဆွဲ....အဲလေ..... မှားတွားလို့ "အာရုဏ်ဦးအက" လို့ ဘာသာပြန်လို့ ရမယ်ထင်ပါရဲ့။
ြ
ပီးတော့မှ အင်း... ပေါင်းဖက်ကြတယ်ဆိုပါတော့၊ အဲဒါက ၈ နာရီလောက်တောင်ကြာတယ်ဆိုပဲ၊ အဲဒါ....ကျ....တော့....အဲ....ဟိုဒင်း....….ထားလိုက်တော့။
ကဲပါ....ဆက်ပြောရရင်၊ အထီးလုပ်တဲ့ကောင်ကလဲ အမက သူ့ဗိုက်ထဲ ဥတွေ အလုံး ၁၅၀၀ လောက် ထည့်ပေးသွားတော့ ဘာမှမတတ်နိုင်ပဲ ကိုယ်ဝန်ဆောင်ရရှာတာပေါ့။
[ပိုက်ဘောမိနေပြီလေ…မစားသာဘူး ]
အဲဒီမှာတင် အမက ပိန်ပိန်သွယ်သွယ် မော်ဒယ်ရှိတ်လေးပြန်ဖြစ်ပြီး အထီးကတော့ ဗိုက်ကြီးသည်ကြီးဆိုပါတော့....
ပြီးလဲပြီးရော.... အမက လစ်သွားရောတဲ့ဗျာ...။
ဟိုငနဲခမျာ ဗိုက်တစ်လုံးနဲ့ကျန်ခဲ့တာပေါ့ကွာ။
(မြန်မာကားတွေထဲမှာ ဆိုရင်တော့ အထီးဟာ အော့တာအန်တာတွေဖြစ်၊ မိဘတွေက မာန်မဲရိုက်နှက်ပြီး "ဘယ်သူနဲ့လဲ...ဘယ်သူနဲ့လဲ" လို့မေး၊ ဒူးနဲ့မျက်ရည်တွေသုတ်၊
အင်း....တော်တော်တော့ ဇာတ်နာမယ့် အခန်းပါပဲ။)
အဲဒါနဲ့ အထီးလဲ မယားကောင်မပေါ်တဲ့ ဒီကိုယ်ဝန်ကြီးကို ၄၅ ရက်လောက်လွယ်ထားရသတဲ့။
သူ့ကိုယ်ထဲက ဥတွေကို အဟာရဖြည့်ပေးရတဲ့စနစ်ကတော့ နို့တိုက်သတ္တဝါမိခင်တွေနဲ့သဘာဝချင်း တူတူပဲလို့ပြောတယ်။
အမ ဆိုတဲ့ မယ်မင်းကြီးမက အထီးကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ တူတူလာမနေဘူးတဲ့ဗျာ
လာပြန်တော့လည်း မနက်မနက် ကျမှရောက်ချလာတာ။
[နိုက်ကလပ် ကအပြန် ဝင်လာတာ ထင်ပါ့]
ေေေ ရောက်လာပြန်တော့လည်း မွေးခါနီးဖွားနီး နေ့စေ့လစေ့ကြီးဖြစ်ပြီး အားငယ်နေရှာတဲ့ လင်တော်မောင် ကို မြန်မာကားတွေထဲမှာလို အားပေးမယ်၊ တောင်းပန်မယ်၊ အဖြစ်မှန်ကိုရှင်းပြမယ်….
[ခင့်မိဘတွေ အသည်းအသန်ဖြစ်လို့ ရုတ်တရက်ထွက်သွားတာပါ….ပေါ့၊ မောင့်ဆီကို ခင်ပြန်လာရင်း လမ်းမှာ ကားအက်ဆီးဒင့်ဖြစ် ခေါင်းထိပြီး အတိတ်မေ့သွားလို့ပါ….ပေါ့၊ အခုမူးပြီး ချော်လဲတော့မှ ပြန်သတိရတာပါ….ပေါ့] အဲသလို ပြောမယ် များထင်နေလား။ ဟုတ်ဘူးတဲ့ဗျ။
ဘာလာလုပ်လဲ ဆိုတာတော့ မမေးနဲ့တော့။
အဲဒီမှာ၆မိနစ်လောက်ပဲ......ဟိုဟာ…..အဲ.....အတူနေပြီးတော့ ပြန်ရော။ နောက်နေ့မနက်ကျတော့ရောက်
လာပြန်ရော၊
အဲဒီကျေးဇူးရှင်မ ပြန်တော်မူတဲ့အချိန်ကျမှ အထီးခမျာ အစာတွေကို နုတ်သီးနဲ့စုပ်ပြီး ဆက်စားရရှာသတဲ့၊
[ကျွန်တော်တော့ ဒီဘဲကိုတော်တော်သနားနေပြီ….. :’( … ]
ဒီလိုလာလာတွေ့နေရင်းနဲ့ အောင်မြင်တဲ့ ဥတွေဟာ ရင့်မှည့်လာပြီးတော့ ညဘက်မှာ အထီးက ရေနဂါးသားသားလေးတွေ မီးမီးလေးတွေမွေးသတဲ့ တစ်ခါမွေးရင် သာမန်အားဖြင့် အကောင် ၁၀၀ ကနေ ၂၀၀ ကြားရှိတယ်ဆိုပဲ၊
အနည်းဆုံး ၅ ကောင်လောက်ကနေ အများဆုံး ကောင်ရေ ၁၅၀၀ လောက်အထိလဲ မွေးတတ်ကြတယ်။
အဲ….မွေးလဲမွေးပြီးရော အထီးဟာ နောက်တစ်ကြိမ် သားဖောက်ဖို့အတွက် အသင့်ပြင်ပြီးတော့ သူ့မယား ငတိမ နောက်နေ့မနက်ပြန်အလာကိုစောင့်နေပြန်ရော………..တဲ့။
[ရေနဂါး ကလေးလေးတွေကိုတော့ သူ့ရဲ့ဖခင် ၀တ္တရားကျေပွန်သွားပြီမို့ လှည့်မကြည့်တော့ပါဘူးတဲ့၊ ဒါကလဲ ရေသတ္တ၀ါ အများစုရဲ့ထုံးစံပါပဲ၊ သူတို့ကမှ အကောင်ပေါက်အောင်စောင့်ရှောက်သေးတယ်၊ ငါးတို့ ပုဇွန်တို့ဆို ဥဥချပြီးတာနဲ့ ဒင်းတို့နဲ့မဆိုင်တော့ဘူးပဲ]
စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ တခြားသတ္တ၀ါတွေနဲ့ မတူတဲ့အချက်တစ်ခုကတော့ ရေနဂါးတွေဟာ များသောအားဖြင့် တစ်လင်တစ်မယားစနစ်ပဲ ကျင့်သုံးကြတယ်ဆိုတာပဲ၊ ဒါပေမယ့် ပညာရှင်တွေသုံးသပ်ပြတာကတော့ အထီးကလဲ ဥတွေကိုသားဖောက်ရတဲ့တာဝန်ရှိလို့ တခြားအမတွေကိုလျှောက်ဖွန်လို့မရသလို၊ အမတွေကလဲ တစ်ခါဥ ဥပြီးရင်နောက်တစ်ကြိမ်ဥ ဖို့အတွက်အချိန်ယူရတယ်၊ [အဲဒီအချိန်အတွင်းမှာအထီးကကိုယ်ဝန်ဆောင်ထားရတယ်လေ] ဥတွေအဆင်သင့်ဖြစ်ပြီဆိုတော့မှ မျိုးအောင်ဖို့အတွက်သာ အထီးနဲ့မိတ်လိုက်တာကိုး၊ [အဲဒီအချိန်ကျတော့ ကိုယ့်ဆရာကလဲ သားဖေါက်ပြီးသွားပြီလေ၊ ready ပဲ…..လာထား….ပေါ့] ဒီတော့ ကြားထဲမှာ အမကလဲ နောက်ရေနဂါး အထီးတစ်ကောင်နဲ့ဖောက်ပြန်လို့ မရပြန်ဘူး၊ သူတို့ နှစ်ကောင်ကြားမှာ တစ်ကောင်နဲ့တစ်ကောင် အဆင်သင့်ဖြစ်ဖို့အချိန်ကိုလဲ အော်တိုညှိယူလို့ရသတဲ့၊ [ မိုက်ပါ့ :P]
နောက်တစ်ခုက သူတို့ဟာ မနက်တိုင်းအမြဲတွေ့နေရတဲ့အတွက် အချင်းချင်းသံယောဇဉ် တော်တော်ရှိကြတယ်ပေါ့၊
ဒါပေမယ့် သိပ်လဲမချီးကျူးကြနဲ့အုန်းဗျာ အခွင့်အရေး နဲ့ အခြေအနေပေးရင်တော့ သူတို့ဟာ အဖော်ပြောင်းလေ့ရှိပါသတဲ့၊ [လူတွေလိုပေါ့... ]
သို့သော်လည်း အခြားသတ္တ၀ါတွေနဲ့ယှဉ်လိုက်ရင်တော့ မိတ်ဖက်အပေါ်မှာ သစ္စာအရှိဆုံးသတ္တ၀ါတွေပါပဲတဲ့၊
အင်း….. wiki ထဲက seahorse အကြောင်းဖတ်ပြီး လျှာရှည်လိုက်တာ တော်တော်တောင်များသွားပြီ၊ အကျယ်တ၀င့်ကတော့ ရှာသာဖတ်ကြည့်တော့ကွာ၊ ကျွန်တော် ကတော့ ဒီ ရေနဂါး (seahorse) တွေကို စိတ်ဝင်စားတယ်၊ သူတို့အကြောင်းတွေကိုရှာဖတ်ကြည့်နေတုန်းပဲ၊ ပြောရရင်တော့ ဒီရေနဂါးလေးတွေကိုတော်တော်သဘောကျမိတယ်။
[အထီးက ကိုယ်ဝန်ဆောင်ရတာကလွဲလို့ပေါ့….
Credit>>> Oakar Soe
No comments:
Post a Comment