ဗဟုသုတ

မျှော်စင်ကျွန်းကိုလည်း အခမဲ့ဝင်ခွင့်ပြုရန် ညှိနှိုင်းမှုများပြုလုပ်နေ
**********************************************************************
ရန်ကုန်၊ ဖေဖော်ဝါရီ ၂-ရန်ကုန်မြို့တွင် ဧပြီ ၁ ရက်မှ စတင်၍ ကန်တော်
ကြီးပန်းခြံကို ဝင်ကြေးအခမဲ့ဖြင့်ဝင် ခွင့်ပြုသွားမည်ဖြစ်ပြီး
မျှော်စင်ကျွန်းကို မူဝင်ကြေးအခမဲ့ဖြင့် ဝင်ခွင့်ပြုနိုင်ရန်
ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေ ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ
ယာရေး ကော်မတီပန်းဥယျာဉ်နှင့်အား ကစားကွင်းများဌာနမှ သိရသည်။
''ကန်တော်ကြီး ဥယျာဉ်ကတစ်နှစ်ကို ဝင်ငွေသိန်းနှစ်ထောင်ရှိတာကို
လက်လွတ်ခံပြီး ပြည်သူတွေအပန်း ဖြေနိုင်စေဖို့ အခမဲ့ဝင်ကြေးနဲ့ခွင့် ပြု
တာပါ။ မျှော်စင်ကျွန်းက ကုမ္ပဏီ စာချုပ်ချုပ်ထားတာ ဖြစ်တဲ့အတွက်
ဝင်ကြေးအခမဲ့နဲ့ ဝင်ခွင့်ရဖို့အတွက် ကိုညှိနှိုင်းဆောင်ရွက်နေပါတယ်။
ဝင်ကြေးပေးရမယ့်ကျန်နေတဲ့ ပန်းခြံလေးခုက ပြည်သူ့ဥယျာဉ်၊ မြိုင်ဟေဝန်ပန်း
ခြံ၊ မြကျွန်းသာနဲ့ အာဇာနည်ဗိမာန်တွေပါ။ ဒါတွေကလဲ အဆင့်မြှင့်တင ဖို့
ကျန်နေသေးလို့ ဝင်ခွင့်မပြုသေးတာပါ။ အဆင့်မြှင့်ပြီးသွားတာနဲ့ အခမဲ့
ဝင်ခွင့်ရသွားဖို့ စီစဉ်သွားမှာပါ''ဟု ရန်ကုန်မြို့တော် စည်ပင်သာ
ယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်
ပန်းခြံပေါင်း ၆၃ ခုရှိသည့်အနက် ပြည်သူများသွား ရောက်
အပန်းဖြေလည်ပတ်မှုများသည့် ကန်တော်ကြီး ပန်းခြံအပါအဝင် စုစုပေါင်းပန်းခြံ ၅၉
ခုကို ပြည်သူအများ ပိုမိုအပန်းဖြေစေနိုင်ရန် ရည်ရွယ်၍ ၂၀၁၅ ခုနှစ်၊ ဧပြီ ၁
ရက် မှ စတင်ကာ အခမဲ့ဝင်ကြေးများဖြင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ယခုအခမဲ့ ဝင်ခွင့်ပြုမည့် ပန်း ခြံ ၅၃ ခုတွင် ရန်ကုန်မြို့ရှိ အထင်ကရ
ပန်းခြံကြီး များဖြစ်သော ကန်တော် ကြီးဥယျာဉ်၊ မဟာဗန္ဓုလပန်းခြံ၊
ကန်တော်မင်္ဂလာပန်းခြံ၊ ကန်သာပန်းခြံ၊ သံသုမာပန်းခြံ၊ သခင်မြပန်းခြံ၊ မြေ
နီကုန်းမီးပွိုင့်ရှိပန်းခြံ စသည်ဖြင့် ပါဝင်ကြောင်း သိရသည်။
''ကန်တော်ကြီးပန်းခြံက ရန် ကုန်မြို့မှာ ပြည်သူအများဆုံးသွားရောက်လည်ပတ်
တဲ့ ပန်းခြံတစ်ခုပါ၊ အရင်တုန်းကဆို ကန်တော်ကြီးထဲမှာ သွားရောက်
အပန်းဖြေဖို့ ဝင် ကြေးဂိတ်သုံးခုမှာ ဂိတ်ပေါက်တစ်ခု ကို ကျပ် ၃၀၀ဆိုတော့
၉၀ဝလောက် ပေးနေရတယ်။ အခုလိုမျိုး ဝင်ကြေး အခမဲ့နဲ့ ခွင့်ပြုလိုက်တာ ဆိုတော့
အပန်းဖြေအနားယူတဲ့ ကျွန်တော် တို့လို လူငယ်တွေအတွက်လဲ ဝမ်း သာစရာပါ။
ပြည်သူတွေဘက်ကလဲ စည်းကမ်းတကျ ဆောင်ရွက်ပေး ပြီး ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့ လိုတယ်'' ဟု စမ်းချောင်းမြို့နယ်နေ ကိုထူးမြတ်က ပြောသည်။
ရန်ကုန်မြို့တွင် လူဦးရေခုနစ်သန်းခန့်ရှိကြောင်း
ရှေ့ပြေးသန်းခေါင်စာရင်းအရ သိရပြီး ရန်ကုန်မြို့ရှိပန်း ခြံအသီးသီးသို့
ဝင်ရောက်အပန်းဖြေမှုမှာ လူဦးရေတစ်လလျှင် ဆယ် သိန်းကျော်ခန့်ရှိကြောင်းသိရသည်။
No comments:
Post a Comment