Wednesday, February 4, 2015

လေးစားပါတယ် သားငယ်မျိုးမြင့်အောင် နဲ့ ခန့်ကျော်ကျော်





ကျွန်တော် တက္ကသိုလ်အစိုးရဆောင်မှာ နေတာ ၂နှစ်ရှိပါပြီ။
ဒီနေ့ ကျွန်တော် တစ်ခါမှမတွေ့ဖူး မကြုံဖူးတဲ့ အရာ တစ်ခု
ကိုတွေ့လိုက်ရပါတယ်။

ဒါကတော့ တက္ကသိုလ်ကျောင်းသား တစ်ယောက်က အဆောင်
အများသုံးအိမ်သာမှာ မည်သူတစ်ဦးတစ်ယောက်ရဲ့တိုက်တွန်း
ချက်မှမပါဘဲ မိမိစိတ်ဖြင့် သန့်ရှင်းရေး ပြုလုပ်နေခြင်းပါဘဲ။

ဒါတင်မက အိမ်သာရေတွေကိုပါ ဖြင့်ပေးပါသေးတယ်။ဒီလို
ကိစ္စမျိုးတွေက ပြင်ပလောကမှာ ရှိကောင်းရှိပါလိမ့်မည်။

ဒါပေမယ့် ငါကတက္ကသိုလ်ကျောင်းသား ဆိုပြီး မာနတက်နေ
တဲ့ ကျောင်းသားလောကမှာတော့ကန္တာရထဲမှာရှိတဲ့ရေထက်
တောင်ရှားတဲ့ အရာပါ။

ကျွန်တော်တွေ့သလောက်ပြောရရင် အဆောင် မှာဖြစ်ဖြစ်ပြင်ပ
လောကမှာဘဲ ဖြစ်ဖြစ်အပေါ့သွားသွား အလေးသွားသွားသန့်စင်
အောင်လုပ်သွားလေ့မရှိပါဘူး။

အဆောင်မှာ ကျောင်းသား တော်တော်များများသည် အပေါ့
သွားပြီးရေမလောင်းဘဲသွားသည့်သူကများပါတယ်။ဒါတွေ
သည် ရေလောင်းရမယ်ဆိုတာကိုမသိလို့လား ရေလောင်းရ
မှာကိုပျင်းလို့လား လို့ မေးစရာဖြစ်လာပါတယ်။မသိတာတော့
မဖြစ်နိုင်ပါဘူး ပျင်းတာဘဲဖြစ်နိုင်ပါတယ်။

အဲဒီတော့ အဲသလောက်တောင်ပျင်းရင် အစားလည်းမစား
အပေါ့လေးလည်းမသွားဘဲ အိပ်ရာထဲမှာ အိပ်ပဲနေပါတော့
လို့ ပြောချင်ပါတယ်။

လွန်လွန်ပြောရရင် ကိုယ်ဟာကိုယ် ကျင်းတူးပြီးနေတာက
အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။ဒါကြောင့် တာဝန်မယူ
တတ်တဲ့ ကျောင်းသားတွေကိုပြောချင်တာကတော့ ကိုယ့်
ကိစ္စကိုပြီးအောင် တာဝန်ယူပါ အိမ်သာဆေးရမယ်တော့
မဆိုလိုပါဘူး။ပြီးတော့ ရှက်ရကောင်းမှန်းသိပါ။

ညီငယ် မျိုးမြင့်အောင်နဲ့ခန့်ကျော်ကျော်...........
ကျွန်တော့အနေနဲ့ ညီ တို့ကို တကယ် ဘဲ လေးစားမိပါတယ်
ဂုဏ်လည်းပြုပါတယ်။ ဒီ status ကို ခွင့်မတောင်းဘဲ တင်မိ
တဲ့အတွက်တောင်းပန်ပါတယ်။

ဒါပေမယ့် ဒီလိုတင်ပေးလိုက်မှသာ တစ်ခြားလူတွေသိပြီး
ကိုယ့်ကိုယ် ကို ရှက်ရကောင်းမှန်း သိအောင် တာဝန်ယူ
စိတ်ရှိအောင်လို့ပါ။


Credit>>>မောင် မောင် အောင်

No comments:

Post a Comment