အံ့သြ ထိတ်လန့်ဖွယ်ရာ များနှင့် လျှို့ဝှက် ဆန်းကြယ်မှု များကို ရိုက်ကူးသည့် ဓာတ်ပုံ ပညာရှင် တစ်ယောက်သည် စွန့်ပစ်ထားသည့် အိမ်ဟောင်းကြီး တစ်ခုအတွင်း သို့ ဓာတ်ပုံ ရိုက်ရန် ဝင်ရောက် ခဲ့ရာမှ ရတနာသိုက်နှင့် မခြားသည့် ငွေသားများကို တွေ့ရှိခဲ့သည်ဟု သိရသည်။
အဆိုပါ အဆောက်အအုံမှာ ကာလရှည်စွာ ထိန်းသိမ်းမည့် သူမရှိဘဲ ပိုင်ရှင်မဲ့ အိမ်ဟောင်း တစ်လုံးအဖြစ် တည်ရှိနေခဲ့ပြီး ယင်းအိမ်၏ ပိုင်ရှင်ဖြစ်သူ မှာလည်း ၁၉၇ဝ ခုနှစ် အတွင်းကပင် ကွယ်လွန် သွားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် ဓာတ်ပုံ ဆရာက စွန့်ပစ်ခံနေရာနှင့် ပတ်သက်သည့် ဓာတ်ပုံများ ရိုက်ကူးရန် ဝင်ရောက် ခဲ့ခြင်းဖြစ် သည်။ အထဲသို့ ရောက်ရှိသွားချိန်တွင် မူ သူသည် များလှစွာသော ရှေး ဟောင်း ပစ္စည်းများ၊ လက်ရာ များနှင့်ပြန့်ကျဲနေသော မိသားစု ဓာတ်ပုံများကို တွေ့ရှိခဲ့ ရပြီး ယင်း ဓာတ်ပုံများ ကိုပင် ၄င်းက ပြန်လည် စုစည်းပေးခဲ့သည်ဟု ဆို သည်။ ဓာတ်ပုံ ရိုက်ရင်းနှင့် နံဟောင်နေသည့် မွေ့ယာ တစ်ခု၏ အနောက်တွင် သားရေပင်နှင့် စည်းထား သည့် ငွေစက္ကူများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါငွေ များမှာ အမေရိကန်နှင့် ကနေဒီယန် ငွေစက္ကူ များဖြစ်ပြီး တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၆၈ဝဝ ခန့်ရှိသည်ဟု ဆိုသည်။ ထို့အပြင် ယင်းပိုက်ဆံများ အပေါ်၌ ၁၉၆ဝ ခုနှစ် အလယ်ပိုင်းနှင့် ၁၉၇ဝ ခုနှစ်များ၏ ရက်စွဲများ ကိုလည်း ခဲတံဖြင့် ရေးမှတ်ထားသည် ကို တွေ့ရသည်ဟု ဆိုသည်။ ယင်းနောက်တွင် ၄င်း ဓာတ်ပုံဆရာဖြစ် သူသည် အိမ်ရှင်၏ မြေးမဖြစ်သူ အား ခြေရာခံ ရှာဖွေပြီး အဆိုပါ ငွေသားများအား ပြန်လည်ပေးအပ်ခဲ့ရာ သူမက ဝမ်းနည်းစွာ ငိုကြွေးခဲ့သည်ဟု သိရသည်။
Credit>>>Popular Myanmar

No comments:
Post a Comment