Wednesday, February 4, 2015

ထိုင်ပေမြစ်ထဲ လေယာဉ်ပျက်ကျမှု လူ ၉ ဦးသေဆုံးဟု သတင်းများကဆို


(TransAsia) လေကြောင်းလိုင်းက လေယာဉ်တစီးဟာ ထိုင်ပေမြစ်ထဲကို ပျက်ကျခဲ့ပြီး လူ ၁၀ ယောက် ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်တွင်း သတင်းမီဒီယာက သတင်းတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ထရန်စ်အေးရှား လေကြောင်းလိုင်းက လေယာဉ်တစီးဟာ ထိုင်ပေက  ကျီးလုံမြစ် (Keelung River) ထဲကို ပျက်ကျခဲ့ပြီး ၁၀ ယောက်ကျော်လောက် ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။ လေယာဉ်ပျက်ကျပြီးနာရီ အနည်းငယ်အကြာ သတင်းဌာနအမျိုးမျိုးရဲ့သတင်းတွေမှာတော့  သေဆုံးသူ ၂ယောက်ကနေ ၉ ယောက်အထိရှိတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

TransAsia B22816 လေယာဉ်ဟာ လူ ၅၈ ယောက် တင်ဆောင်လာတာ ဖြစ်ပြီး ဒေသစံတော်ချိန် ၁၀ နာရီ ၅၆ မိနစ်မှာ ပျက်ကျခဲ့တာ ဖြစ်တယ်လို့ တီဗွီဘီအက်စ်(TVBS) သတင်းဌာနက အစီရင်ခံပါတယ်။ ၅၈ ယောက်ထဲမှာ လူကြီး ၅၁ ယောက်၊ ကလေး ၂ ယောက် နဲ့ လေယာဉ်ဝန်ထမ်း ၅ ယောက် ပါဝင်ခဲ့တာပါ။ ၁၆ ယောက်ကိုတော့ ကယ်တင်နိုင်ခဲ့ပြီး လူအများအပြား ကျန်ရှိနေသေးတဲ့အတွက် ကယ်ဆယ်ရေး သမားတွေက ကြိုးစားရှာဖွေနေကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်ဝမ် ခရီးသွားလာရေးဗျူရိုက ဒီလေယာဉ်ထဲမှာ ပြည်မကြီးက တရုတ်လူမျိုး ခရီးသွား ၃၁ ယောက် လိုက်ပါခဲ့တယ်လို့ ဆိုပါတယ်။




ATR 72 လေယာဉ်ဟာ  ပြီးခဲ့တဲ့ နှစ်ကမှ ထိုင်ဝမ်ကို ရောက်လာတာ ဖြစ်တယ်လို့ တီဗွီဘီအက်စ် သတင်းဌာနက ဆိုပါတယ်။ နောက် လေယာဉ်ဟာ ပြည်တွင်းမှာပဲ ပြေးဆွဲနေချိန် အခုလို တံတားနဲ့တိုက်မိပြီး မြစ်ထဲ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်ရဲ့ ထရန်စ်အေးရှား လေကြောင်းလိုင်းဟာ ပြီးခဲ့တဲ့နှစ် ဂျူလိုင်ကလည်း တကြိမ် ပျက်ကျခဲ့ဖူးပါတယ်။ GE222 လေယာဉ်ဟာ ရာသီဥတုဆိုးဝါးမှုကြောင့် ဖုန်းဟူကျွန်း (Penghu island) အဆင်းမှာ ပျက်ကျခဲ့ပြီး လူ ၄၈ ဦး သေဆုံးကာ မြေပြင်ပေါ်က အိမ်နဲ့ ကားတွေ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။



No comments:

Post a Comment