ဘရာဇီးနိုင်ငံ မြောက်ပိုင်း၊ မီနာအက်စ် မြို့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ၂၀၁၅ မယ်အမေဇုန် ပြိုင်ပွဲမှာ ပြဿနာတွေ ပေါ်ပေါက်ခဲ့လို့ အရှက် ရစရာ ဖြစ်ခဲ့ပါတယ်။ ဒီအလှမယ် ပြိုင်ပွဲမှာ ဒုတိယဆုရရှိသူဟာ မကျေမနပ် ဖြစ်ပြီး စင်မြင့်ထက်မှာ ပထမဆု ရရှိထားလို့ အလှမယ် ဆောင်းထားတဲ့ သရဖူကို စင်မြင့်မှာ ဆွဲယူပြီး လွှင့်ပစ် လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီမြင်ကွင်းကို မြင်တွေ့ ခဲ့ရ သူတွေ အားလုံး အထိတ်တလန့် ဖြစ်သွားခဲ့ရ ပါတယ်။
အသက် (၂၀) နှစ်အရွယ်ရှိ ကာရိုလီနာဟာ သရဖူကို ရယူခဲ့ပေမယ့် ဒုတိယဆု ရရှိတဲ့ ရှီအစ်လာနီက မကျေမနပ် ဖြစ်ခဲ့ ပါတယ်။ အသက် (၂၃) နှစ် အရွယ်ရှိ ရှီအစ်လာနီဟာ သူ့ရဲ့ဒေါသတွေကို စင်မြင့်ပေါ်မှာပဲ ဖြေရှင်း သွားခဲ့ ပါတယ်။ ရှီအစ်လာနီဟာ သရဖူဆု ချီးမြှင့်စင်ထက်မှာ ကာရိုလီနာ ဆောင်းထားတဲ့ သရဖူကို နောက်ကနေ ရုတ်တရက် ဆွဲယူပြီး အောက်ကို လွှင့်ပစ် လိုက်ခြင်း ဖြစ်ပါတယ်။ ပွဲကြည့် ပရိသတ် တွေဟာ ထိတ်လန့်တဲ့ အသံ တွေ ထွက်ပေါ်လာခဲ့ ပါတယ်။
ရှီအစ်လာနီ ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ စင်နောက် ထဲကို ၀င်သွားခဲ့ ပါတယ်။ ဒီပြိုင်ပွဲမှာ သရဖူဆု ရရှိသူဟာ ဘရာဇီး နိုင်ငံလုံး ဆိုင်ရာ အလှမယ် ပြိုင်ပွဲကို ၀င်ရောက်ခွင့် ရမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ စုစုပေါင်း (၁၂) ဦးသာ ၀င်ပြိုင်ခဲ့ပေမယ့် ပြဿနာတွေ ပေါ်ပေါက် ခဲ့လို့ ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ ရှီအစ်လာနီ ကတော့ ငွေကြေးပေးခဲ့ တာကြောင့် ကာရိုလီနာ အနေ နဲ့ သရဖူဆုကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲ ပြောဆိုခဲ့ ပါတယ်။ ဘရာဇီး နိုင်ငံမှာ ငွေကြေး ရယူပြီး အလှမယ် သရဖူဆုတွေကို ပေးအပ် ချီးမြှင့် နေတယ်လို့ စွပ်စွဲမှုတွေ မကြာခဏ ပေါ်ထွက် နေပါ တယ်။
Credit>>>ဖိုးသူတော်
No comments:
Post a Comment