ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့ နယ်၊ ၁၆၈ ရပ်ကွက်ရှိ ကျူးကျော်တဲတစ်ရာကျော် ခန့် ဖယ်ရှားခံခဲ့ရခြင်းကြောင့် ကျူးကျော်တဲများတွင် နေထိုင်သူများမှာ စားဝတ်နေရေး အခက်အခဲများ ကြုံနေရကာ လမ်းများပေါ်တွင် အိပ်နေရကြောင်း သိရသည်။
ဇန်နဝါရီ ၃ဝရက် နံနက် ၄နာရီခွဲခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင် များက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ၁၆၈ရပ်ကွက် ရှိ ကျူးကျော်တဲများအဖြစ် သတ်မှတ်ထားသောနေ အိမ်များကို အင်အားသုံးဖယ်ရှားခဲ့သောကြောင့် နေ ထိုင်သူများမှာ သောက်သုံးရေ အခက်ခဲဖြစ်ခြင်း၊ ချက်ပြုတ်စားသောက်ရန် အဆင်မပြေခြင်း၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက် ရန် အဆင်မပြေခြင်းများနှင့် ကြုံတွေ့နေရ ကြောင်း သိရသည်။
ဖယ်ရှားခံရသူ ဦးအောင်မြင့်ဦး က ''ဒီနေရာမှာ နေလာတာ ၁၂နှစ်လောက် ရှိပါပြီ။ စားသောက်ဆိုင်တွေရော၊ လက်ဖက် ရည်ဆိုင်တွေရော ဒီနေရာမှာရှိတယ်။ အ ခွန်ဆောင်ထားရတာပါ။ ကျောင်းသားတွေ လဲရှိတော့ စာမေးပွဲဖြေပြီးတဲ့ အထိစောင့် ပါဦးလို့တောင်းဆိုတယ်။ မရဘူး။ ဖြစ်တဲ့နေ့ ကဆို ကလေးတွေကျောင်း မတက်ရဘူး။ အခုတော့ စာကျက်လို့လဲရမှာမဟုတ်တော့ ဘူး။ လမ်းပေါ်မှာပဲအိပ်ပြီး ရေလဲအနီးအနား ကတောင်းသောက်နေရတယ်'' ဟုပြောသည်။
ကျောင်းနေရွယ်ကလေးများကို သက်ဆိုင်ရာက စာရင်းကောက်သွားသော် လည်း လက်ရှိအချိန်အထိ မည်သို့ဖြေရှင်း ပေးမည်ကို မကြားသိရသေးကြောင်းသိရ သည်။ ဖယ်ရှားခံရသူတချို့သည် ညအခါ ကနောင်မင်းသားကြီးလမ်းပေါ်တွင် အိပ်နေ ရပြီး တချို့လမ်းဘေးတွင်အိပ်နေကြရသည် ဟု သိရသည်။
''ဦးတို့က အပြင်ဘက်ကျတော့ ရေကိုတောင်းသောက်လို့ လွယ်သေးတယ်။ စက်မှုဇုန် ဧရိယာအတွင်းဘက်မှာ ဖယ်ရှားခံ ရသူတွေဆိုရင် ရေသောက်ဖို့ တောင်မလွယ် ဘူးဝေးတယ်။ အခုတော့ထမင်းစားဖို့ကို အမျိုးတွေဆီ အကူအညီလှမ်းတောင်းထား ရတယ်''ဟု ဖယ်ရှားခံရသူဦးကျော်ရင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ယင်းနေရာတွင် စက်မှုဇုန်အကောင် အထည်ဖော်ဆောင်မည်ဖြစ်ပြီး ကျူးကျော် တဲများအား ၁၈၉၈ခုနှစ် မြန်မာနိုင်ငံအောက် ပိုင်းမြို့ရွာရှိ မြေယာအက်ဥပဒေ ၂၁(၁)၊ စည်ပင်အက်ဥပဒေ ၆၈တို့ဖြင့် ပြောင်းရွှေ့ ရန် အသိပေးစာများသုံးကြိမ်အထိပေးပို့ ထားကြောင်း သိရသည်။
Credit>>>

No comments:
Post a Comment