မြန်မာနိုင်ငံရဲ့
ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံတကာဖက်ရှင်သီတင်းပတ် ၂ဝ၁၅ရဲ့
ဒုတိယမြောက်နေ့မှာတော့ ဝတ်စုံဒီဇိုင်းတွေကို ဝတ်ဆင်ပြီး ဖက်ရှင်ပြရတဲ့
မော်ဒယ်တွေရဲ့ အမြင်သဘောထားက ဘယ်လိုရှိပါသလဲ။ သုံးရက်ကြာ ကျင်းပမယ့်
ဖက်ရှင်သီတင်းပတ် တစ်နေ့နဲ့တစ်နေ့မရိုးအောင် ဘာတွေတင်ဆက်နေသလဲ။
နိုင်ငံတကာ
ဖက်ရှင်သီတင်းပတ်မှာ ပါဝင်ပြသပေးပါလို့ ပြောလာတဲ့အချိန် အရမ်းကို
ဝမ်းသာမိတယ်လို့ ပြောလာသူက မေဂရေ့စ်ပါ။ ဖက်ရှင်မော်ဒယ်တစ်ယောက်အဖြစ်
စိတ်လှုပ်ရှားနေသလို လူတွေကလည်းများ၊ ပွဲကလည်း ကြီးကျယ် ခမ်းနားသလို
နိုင်ငံတကာက မော်ဒယ်တွေလည်း ပါဝင်ကြတာမို့ စိတ်လှုပ်ရှားနေပေမယ့်
အကောင်းဆုံး ကြိုးစားသွားမယ်လို့ မေဂရေ့စ်က ဆိုပါတယ်။
Dagon City 1 မှာ ဖေဖော်ဝါရီ ၇ရက်နေ့ညမှာ ကျင်းပတဲ့ ဖက်ရှင်သီတင်းပတ် ဒုတိယမြောက်နေ့မှာတော့ Lee, Cooper, BYSI, SPIKE, Yes I Do စတဲ့
ကမ္ဘာကျော်အမှတ်တံဆိပ်တွေရဲ့ ကုန်ပစ္စည်းတွေနဲ့ဖက်ရှင်ရှိုးကို ပြသခဲ့ပါတယ်။
မြန်မာပြည်ရဲ့ဖက်ရှင်လောကဟာ အောင်မြင်မှုရနေတဲ့အနေအထားဖြစ် သလို
လူတိုင်းကလည်း စိတ်ဝင်စားနေတဲ့အချိန်မှာ အခုလို ဖက်ရှင်ဆိုင်ရာ
ကုန်ပစ္စည်းတွေ ပါဝင်ပြသခွင့်ရလို့ ဝမ်းသာနေသူက မဇင်မွန်ပါ။ သူကတော့ BYSIစင်္ကာပူတံဆိပ်ပစ္စည်းတွေကို ပြသနေပါတယ်။
(ဇင်မွန်- Admin Manager, BYSI) file 9115
မြန်မာပြည်မှာ
အခုလိုဖက်ရှင်ပွဲတွေက ရှားနေသေးတာကြောင့် ကျင်းပဖြစ်တာဟာ
မော်ဒယ်လောကအတွက်ရော ကောင်းသလို လူတိုင်းရင်ထဲ ဖက်ရှင်ဆိုတာ
အရေးပါတဲ့အကြောင်း သိသွားစေနိုင်တယ်လို့ ဆိုပါတယ်။ ဒုတိယမြောက်နှစ်အဖြစ်
ကျင်းပတဲ့ ဖက်ရှင်သီတင်းပတ်မှာ ပါဝင်တဲ့ မော်ဒယ် ဆန်းတိုးနိုင်တစ်ယောက်လည်း
ရင်ခုန်ပျော်ရွှင်နေပါတယ်။
ဖက်ရှင်တစ်မျိုးစီတိုင်း
အားသာချက်တစ်ခုစီရှိနေတာကြောင့် သူကိုယ်တိုင်ကတော့ ရိုးရိုးရှင်းရှင်းနဲ့
စမတ်ကျတဲ့ဝတ်စုံမျိုး သဘောကျသလို ဒီဇိုင်းဆန်းဆန်းလေးတွေလည်း
ကြိုက်ပါတယ်လို့ ဆိုလာသူက ရွှန်းရွှန်းပါ။ မင်္ဂလာဆောင်ဝတ်စုံဝတ်တဲ့အခါ
ကိုယ့်ကိုကိုယ် ဘုရင်မတစ်ပါးလို ခံစားရတယ်လို့လည်း ဆိုပါတယ်။
Credit>>>Kamayut Media
No comments:
Post a Comment