Monday, February 9, 2015

မိတီ်္ထလာတွင် ပထမဆုံး မျက်နှာဖုံးစွပ်နှင့် လုယက်



မိတီ်္ထလာမြို့၊ စက်မှုဇုန် (၁) လမ်းနှင့် (၂) လမ်းကြားနေ မရီရီတင်၊ (၃၈) နှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့ ည (၈း၃၀) အချိန်က သုံးနှစ်ရွယ် သားလေးအား နေအိမ် အခန်းပိတ်၍ ထမင်းကျွေးပြီး အခန်းအပြင် ဘက်သို့ ထွက်လာစဉ် မျက်နှာတွင် MASK များ မျက်နှာဖုံးစွပ် ထားသော အမျိုးသား နှစ်ဦးက အသင့်စောင့် နေပြီး မရီရီတင်အား အမျိုးသား နှစ်ဦးက လည်ပင်အား ဓားဖြင့် ထောက်၍ အခန်းတွင်း ပြန်သွင်းပြီး ရှိတဲ့ ပစ္စည်း ထုတ်ပေးဟု ခြိမ်းခြောက် တောင်းဆိုသည် ဆို၏။ မရီရီတင် က ရွှေဆွဲကြိုး ငါးမူးသား (၃၅၀၀၀၀) တစ်ကုံး၊ ပန်းအိုးပုံပါ အလေးချိန် မသိ (၁၀၀၀၀၀)တန် ရွှေဆွဲသီး တစ်ခု၊ အလေးချိန်မသိ စိန်ခြယ် နားကယ် (၁၆၀၀၀၀)တန် ရွှေလက်စွပ် တစ်ကွင်း၊ (၄၀၀၀၀၀) တန် ရွှေလက်ကောက် လေးကွင်း၊ ငွေ (၅၃၅၀၀၀) စုစုပေါင်း တန်ကြေး (၁၇၀၅၀၀၀) တန်ပစ္စည်းများ ပေးလိုက်ရသည် ဆို၏။ မတင်တင်ရီက တရားလို ပြုလုပ်၍ အမှတ် (၃) ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား ရာ အမည်မသိ အမျိုးသား နှစ်ဦးအား ရဲစခန်း (ပ) ၆/၂၀၁၅၊ ပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့် အရေးယူ ထားသည်။

ဦးတင်လှိုင်
The Messenger Media

No comments:

Post a Comment