Wednesday, February 4, 2015

မျက်နှာအရေးအကြောင်းမပေါ်လိုတာကြောင့် နှစ်ပေါင်း ၃၀ နီး ပါး အရယ်အပြုံးမလုပ်ခဲ့တဲ့ အမျိုးသမီး


မျက်နှာပေါ် အရေးအကြောင်းများနဲ့ ပါးရေတွန့်ခြင်းများ ဖြစ်ပေါ် လာမှာကို လက်မခံလိုတာကြောင့် နှစ်ပေါင်း ၃၀နီးပါး မရယ်မပြုံးပဲ နေလာခဲ့တယ်လို့ အသက် ၅၀ အရွယ် အမျိုးသမီး တက်စ် ခရစ်စ တီရယ်က သူ့ရဲ့အကြောင်းကို မေးလ်အွန်လိုင်းသို့ ပြောကြားခဲ့ပါ တယ်။

အမျိုးသမီးများ အသက်အရွယ်ကြီးရင့်လာချိန်တွင် ဖြစ်ပေါ်တတ်တဲ့ အရေးအကြောင်း လက္ခဏာများက မျက်နှာပြင်၌ အများဆုံးပေါ်လာ တတ်တာကြောင့် မျက်နှာပြင်အစိတ်အပိုင်းများကိုသာ အသားပေး ပြုပြင်ထိန်းသိမ်းတတ်ဖို့ လိုအပ်ပါတယ်။

အရယ်အပြုံး၊ အမဲ့အရှုံ့များက မျက်နှာပြင် အရေပြားရဲ့ ကြွက်သား ပေါင်းများစွာကို အလုပ်လုပ်စေတဲ့အတွက် ပါးရေတွန့်ရှုံ့သွားခြင်း၊ မျက်နှာပြင်အရေပြား အရေး အကြောင်းများဖြစ်ပေါ်လာခြင်းနဲ့ အ သားရေမညီမညာဖြစ်ခြင်းတို့ ဖြစ်ပေါ်လာမှာစိုးတာကြောင့် သူမက ဆယ်ကျော်သက်အရွယ်ကတည်းက ယင်းပြုမူခြင်းများကိုဂရုတ စိုက်နဲ့ရှောင်ရှားခဲ့တာပဲဖြစ်တယ်လို့ ဆိုပါတယ်။

ဟောလီးဝုဒ်ရဲ့ နာမည်ကြီးမော်ဒယ်၊ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ကင်မ်ကာဒါရှီယန်တို့၊ ဗစ်တိုးရီးယားဘက်ခမ်းတို့ အစရှိတဲ့ မင်း သမီးတွေကလည်း သူတို့ရဲ့ အရေပြားအလှအပတွေအတွက် ဒီလို မျိုး အရယ်အပြုံးများကို ထိန်းထိန်းသိမ်းသိမ်းပြုမူကြပါတယ်။

Credit: ဖိုးသူတော်

No comments:

Post a Comment