Wednesday, February 4, 2015

သင်ငွေဖြုန်းနိုင်ရင်တောင် တချို့မိန်းခလေးတွေရှေ့ မဖြုန်းပြနဲ့



ပကာသန မက်မမက်ဆိုတာ
တခါလောက် လမ်းဘေးဆိုင်လေး
သင့်မိန်းခလေးကို ခေါ်သွားကြည့်လိုက်


တခါတလေ သင်မွဲကြောင်းပြလိုက်
အဲဒီအခါ တချို့မိန်းခလေးတွေရဲ့
စိတ်ရင်းအမှန်သင်မြင်လိမ့်မယ်


အကုန်တော့မဟုတ်ဘူး
ကိုယ့်ကိုကိုယ်သိပ်အထင်မကြီးနဲ့

 ငွေမဖြုန်းနိုင်ရင် သင့်ဘေးနား
တကယ်ကျန်မဲ့ မိန်းမဟာ
တကယ်ချစ်တဲ့မိန်းမပဲကျန်လိမ့်မယ်


ကိုယ့်ချစ်သူကို အဆင့်အတန်းမြင့်မြင့်ထားနိုင်အောင် ကြိုးစားရမှာ ချစ်သူယောက်ျားလေးတာဝန်ပဲ
ဒါပေမဲ့ မွဲနေတဲ့အခါလည်း
သူမက သင့်ကိုကြည်ဖြူနေဖို့လိုတယ်

ေေေ
 ငွေပေါတဲ့အခါ မိန်းမပေါချင်ပေါလာမယ်
ချစ်သူစစ်စစ်ကတော့ရှားလာတယ်
(ခုစကားကို တချို့မိန်းခလေးတွေအသဲအသန်ငြင်းမယ်)
  ငွေဖြုန်းနိုင်လို့ ပုံမလာတဲ့ရုပ်ကို မျက်စိမှိတ်တွဲနေတဲ့ မိန်းမတွေအများကြီးတွေ့ရင်
သင်ငြင်းမှာမဟုတ်ဘူး)


တခုရှိသေးတယ်
ငွေဖြုန်းနိုင်တာတခုတည်း အထင်ကြီးတဲ့မိန်းခလေးနဲ့
ငွေဖြုန်းနိုင်လို့ ကိုယ့်ကိုလူကြိုက်များနေတဲ့
ယောက်ျား
အဲဒီလို လူတွေကြားစစ်မှန်တဲ့အချစ်မရှိဘူး
သာယာကူးမဲ့ သာကူးစိတ်ပဲရှိတယ်
ေ ငွေဖြုန်းနိုင်တဲ့သူကလည်း လက်ရှိတယောက်ထက်ချောရင် နောက်တယောက်ပြောင်းမှာပဲ
မိန်းခလေးကလည်း ပိုဖြုန်းနိုင်သူတွေ့ တွဲမှာပဲ


အချစ်ဆိုတာ တခါတလေ
ခမ်းနားထည်ဝါတဲ့ လူတွေဆီမှာတွေ့ရခဲတဲ့အရာတခုပါ


သင်အရှိန်အဝါတွေခွာချပြီး
လူတယောက်ကိုချဉ်းကပ်
အချစ်ဆိုတာ သင်ရှာတွေ့ဖို့သိပ်ခက်ခဲမှန်းသိသွားလိမ့်မယ် ။ ။



Credit>>>Ko Kgkalay

No comments:

Post a Comment