Monday, February 2, 2015

တိုကျိုနိုင်ငံခြားပညာရပ်များ လေ့လာရေးတက္ကသိုလ်၏ ပထမဆုံးရုံးခန်းကို ရန်ကုန်တက္ကသိုလ်တွင် စတင်ဖွင့်လှစ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁- ဂျပန်နိုင်ငံ မှ တိုကျိုနိုင်ငံခြားပညာရပ်များလေ့ လာရေး တက္ကသိုလ်၏ ပထမဆုံးရုံး ခန်းဖြစ်သည့် GLOBAL JAPAN OFFICE ကို ရန်ကုန်တက္ကသိုလ် တွင် လာရောက်ဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။
''ရုံးခန်းကတော့ မြန်မာနိုင်ငံ မှာ ပထမဆုံးဖွင့်လှစ်တာပါ။ နောက် ထပ် တိုကျိုနိုင်ငံခြားပညာရပ်များ လေ့လာရေးတက္ကသိုလ်နဲ့ ချိတ်ဆက် ထားတဲ့ ဘရာဇီး၊ ထိုင်း၊ ကိုရီးယား၊ ရုရှားတက္ကသိုလ်တွေမှာလဲ ရုံးခန်း တွေကို ဆက်လက်ဖွင့်လှစ်သွားမှာ ပါ''ဟု ဂျပန်နိုင်ငံ တိုကျိုနိုင်ငံခြား ပညာရပ် များလေ့လာရေးတက္ကသိုလ် Mr Tatesihs က ပြောသည်။
တိုကျိုနိုင်ငံခြားပညာရပ်များ လေ့လာရေးတက္ကသိုလ်မှ အမှုဆောင် ပါမောက္ခတစ်ဦးနှင့် ဆရာမတစ်ဦး တို့က ရန်ကုန်တက္ကသိုလ်တွင် ဂျပန် ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ ကို သင်ကြားပေးကြမည်ဖြစ်သည်။
''အမှုဆောင်ပါမောက္ခတစ်ဦး နဲ့ ဂျပန်ဆရာမတစ်ဦးက ဖေဖော်ဝါ ရီလ ကုန်မှာရောက်မယ်။ လောလော ဆယ် မြန်မာစာဌာန ၊ မြန်မာမှုဌာနနဲ့ မနုဿ ဗေဒဌာနတို့မှ ကျောင်းသား ကျောင်းသူများကို စတင်သင်ကြား ပေး မှာပါ။ ကျန်တဲ့ဌာနနဲ့ ဘာသာရပ် တွေပါ သင်ကြားနိုင်ဖို့ ဆက်လက် ဆောင် ရွက်သွားမှာပါ'' ဟု မြန်မာ စာဌာန ပါမောက္ခ(ဌာနမှူး)ဒေါက် တာအောင်မြင့်ဦး က ပြောသည်။
အဆိုပါအစီအစဉ်အရ တိုကျို နိုင်ငံခြားပညာရပ်များ လေ့လာရေး တက္ကသိုလ် မှ ကျောင်းသား၊ ကျောင်း သူများသည် တစ်နှစ် လျှင် နှစ်ကြိမ် ကာလ တို တစ်လ၊ ကာလရှည် တစ် နှစ် မြန်မာစာပေနှင့် ယဉ်ကျေးမှု၊ ဘာသာစကားတို့ကို လာရောက်သင် ကြားကြမည်ဖြစ်ကာ ရန်ကုန်တက္က သိုလ် မြန်မာ စာဌာန မှ ကျောင်း သားကျောင်းသူများမှာ တစ်နှစ်လျှင် သုံးဦး တိုကျိုနိုင်ငံခြား ပညာရပ် များ လေ့လာရေးတက္ကသိုလ်သို့ ဂျပန်စာ ပေနှင့် ယဉ်ကျေးမှုများကို သွား ရောက် သင်ကြားကြမည်ဖြစ်သည်။
ကျောင်းသားများ အပြန်အလှန် ပညာသွားရောက်သင်ကြားရန်အ တွက် သက်ဆိုင် ရာ တက္ကသိုလ်များ ၏ ပညာသင်ထောက်ပံ့ကြေး များ ဖြင့် သင်ကြားကြ ရမည်ဖြစ်သည်။
လက်ရှိတွင် ဂျပန်နိုင်ငံ တိုကျို နိုင်ငံခြားပညာရပ်များ လေ့လာရေး တက္ကသိုလ် မှ မြန်မာစာမြန်မာမှု ပညာများ သင်ကြားနေသည့်ကျောင်း သား၊ ကျောင်း သူလေးဦး ပညာသင် ကြားလျက်ရှိပြီး ၂၀၁၄ ခုနှစ် ဩ ဂုတ်လအတွင်း ကလည်း ကျောင်း သားကျောင်းသူ ၁၄ဦးမှ ကာလ တိုတစ်လ မြန်မာ စာပေနှင့်ယဉ်ကျေး မှု ဘာသာစကားများကို လာရောက် သင်ကြားခဲ့သည်။
''မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ ဘာသာ၊ စာပေကိုလေ့လာချင်လို့ ရန်ကုန်တက္ကသိုလ်ကို လာရောက် သင်ကြားခဲ့တာပါ။ မိသားစုထဲ မှာ တော့ မြန်မာစကားပြောတတ်တဲ့သူ မရှိပါဘူး။ မြန်မာစာပေကို လေ့ လာပြီး မြန်မာတွေရဲ့ အကြောင်းကို လေ့လာခွင့်ရတော့ ဂျပန်ကိုတောင် လွမ်းတဲ့စိတ်တောင် မဖြစ်တော့ဘူး'' ဟု တိုကျိုနိုင်ငံခြားပညာရပ် များ လေ့လာရေးတက္ကသိုလ်မှ မြန်မာစာ လာရောက်သင်ကြားနေသည့် Takeuchi Aika (မကြည်သာမိုး)က ပြော သည်။
မြန်မာ-ဂျပန် နှစ်နိုင်ငံဘာသာ စကား၊ ယဉ်ကျေးမှုချင်း ဖလှယ်နိုင် ရန်အတွက် အဆိုပါရုံးခန်းအား ရန် ကုန်တက္ကသိုလ် တောင်ငူဆောင်တွင် ဇန်နဝါရီ ၃ဝရက်က ဖွင့်လှစ်လိုက် ခြင်းဖြစ်သည်။
ရန်ကုန်တက္ကသိုလ်နှင့် တိုကျို နိုင်ငံခြားပညာရပ်များလေ့လာရေး တက္ကသိုလ်တို့သည် ၂၀၁၄ ခုနှစ် ဩဂုတ် ၅ရက်တွင် စာပေယဉ်ကျေး မှု၊ ကျောင်းသား၊ ဆရာလဲလှယ်သင် ကြားခြင်း သုတေသနပူးပေါင်းဆောင် ရွက်ခြင်း နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့သည်။
လက်ရှိတွင် ရန်ကုန်တက္ကသိုလ် သည် နိုင်ငံခြားတက္ကသိုလ် ၂၁ ခုနှင့် နားလည်မှုစာချွန်လွှာများ ရေးထိုး ပြီးဖြစ်ပြီး ဆက်လက်၍ နိုင်ငံခြား တက္ကသိုလ် ၁၆ ခုက နားလည်မှုစာ ချွန်လွှာလက်မှတ်ရေးထိုးနိုင်ရန် ကမ်းလှမ်းထားကြောင်း ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်ထံမှ သိရ သည်။

No comments:

Post a Comment