Monday, February 2, 2015

ဖုန်းဆက်တဲ့.. သူ



မိန်းမဖြစ်သူဟာ သူ့ခင်ပွန်း မနက်ခင်းကော်ဖီကို အေးအေးလူလူ ထိုင်သောက်နေချိန်မှာ အနားကို
သွားကာ ဦးခေါင်းနောက်ပိုင်းကို ပုတ်လိုက်ပြီး "ရှင့်ရဲ့ ဘောင်းဘီအိတ်ထဲမှာ 'မယ်ရီလု' လို့
ရေးထားတဲ့ စာရွက်ပိုင်းလေးကို တွေ့တယ်"လို့ ပြောလိုက်ပါတယ်။

အိမ်ထောင်ရှင်မဟာ ဒေါသအရမ်းထွက်နေပြီး "ဒီအတွက် ရှင့်မှာ ဖြေရှင်းချက်ရှိသင့်တယ်"
လို့လည်း ပြောလိုက်ပါတယ်။

"စိတ်လျှော့ပါ.. အချစ်ရယ်"လို့ ခင်ပွန်းဖြစ်သူက ပြောလိုက်ပြီး "မင်း.. မှတ်မိတယ်မဟုတ်လား၊
ပြီးခဲ့တဲ့အပတ်က ကိုယ်.. ခွေးပြိုင်ပွဲ သွားတာလေ။ ဒီနာမည်က ပြိုင်ပွဲမှာ ကိုယ်လောင်းကြေးထပ်
တဲ့ ခွေးမလေးရဲ့နာမည်ပါကွာ" လို့လည်း ထပ်ပြောလိုက်ပါတယ်။

နောက်တစ်နေ့မှာတော့ အမျိုးသမီးဟာ အမျိုးသားနား ကပ်သွားပြီး ထုထောင်းလိုက်ပြန်တာ
ကြောင့် "ဒါက..ဘာအတွက်လဲကွ"လို့ အမျိုးသားက စိတ်တိုစွာနဲ့ ပြန်အော်လိုက်ပါတယ်။

အမျိုးသမီး ပြန်ပြောလိုက်တာ "ရှင့် ခွေးမလေ.. ညက ဖုန်းဆက်တယ်" တဲ့။



Credit>>> ဖိုးသူတော်

No comments:

Post a Comment