၂၀၁၅ ချစ်သူများနေ့ နီးလာပြီဆိုတော့ အချစ်ရေးပတ်သက်ပြီး အသံသိပ်မကြားရတော့တဲ့ ၀တ်မှုန်ရွှေရည်ကို အဲ့ဒီ အကြောင်းနည်းနည်း မေးကြည့်လိုက်တဲ့အခါ “အဲ့နေ့က ကားရိုက်ရှိရင်ရှိ၊ မရှိရင်တော့ ခရီးသွားဖြစ်မယ် ထင်ပါတယ်။ အဲ့နေ့မှာ ကစ်အရင်နှစ်တွေကဆို ကစ်အိမ်ရှေ့မှာ ပူဖောင်းလေးတွေနဲ့ လာလုပ်ပေးတာမျိုး ရှိတယ်။ ဒီနှစ်တော့ မမျှော်လင့်ထားပါဘူး။ တခါမှလဲ မမျှော်လင့် ထားပါဘူး။ အဲ့ဒီလိုလာလုပ်ပေးတဲ့ခါ ကိုယ့်ကို ချစ်တယ်။ ကိုယ့်ကို သတိတရနဲ့အမှတ်တရလေး လုပ်ပေးတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ကြိုက်တယ်။ အမှန်အတိုင်း ပြောရရင် ကစ်ကိုယ်တိုင်က Romantic သမား၊ Romantic ဖြစ်တာ အရမ်းကြိုက်တယ်။ ဒီနှစ်မှာ သူများကို ပေးဖို့စီစဉ်ထားတာမျိုး မရှိဘူး။ သူများဆီက ရ ၊ မရတော့ မသိဘူး။ အရင် နှစ်တွေတုန်းကတော့ ချစ်သူများနေ့မှာ လက်ဆောင်တွေ ရခဲ့ဖူးတယ်။ အဲ့ဒီနေ့လေးက ရည်းစားရှိတဲ့သူတွေ၊ ချစ်သူရှိတဲ့ နှစ်ဆိုရင်တော့ တန်ဖိုးရှိတဲ့နေ့လေးပေါ့။ တစ်ယောက်တည်း သမားတွေ အတွက်ကတော့ ပုံမှန်နေ့တစ်နေ့ပါပဲ”လို့ သူမက ဖွင့်ဟသွားခဲ့ပါတယ်။
Credit>>>Trend Myanmar

No comments:
Post a Comment