Sunday, February 1, 2015

ကျွန်မတို့အားလုံး အချိန်တွေတော်တော်ဖြုန်းခဲ့ကြတယ်။


နောက်ကြောင်းနှစ်နှစ်လောက်ကို ပြန်ကြည့်မိလိုက်တဲ့အခါ...
 

ကိုယ်မရှိလို့မဖြစ်ဘူးဆိုတာ ပုံပြင်တွေအဖြစ်ပြောင်းလဲသွားတတ်ပြီး ၊ သူမရှိလို့မဖြစ်ဘူးဆိုတာကလည်း ဒဏ္ဍာရီတွေ ဖြစ်သွားပြီဆိုတာ သိသွားလိုက်တယ်။

ကိုယ့်အနားနေရစ်မဲ့သူဆိုရင် အပြန်အလှန်ယုံကြည် နားလည်မှုနဲ့ တန်ဖိုးထားဆက်လျှောက်ရမယ်။
အဝေးထွက်သွားချင်တဲ့သူကိုဆိုရင်လည်း အေးအေးဆေးဆေး လက်ပြနှုတ်ဆက်ပြီး လိုက်မပို့ပေးတော့ဘူးနော်ဆိုပြီး ပြောနိုင်ရမယ်ဆိုတာကို လုပ်နိုင်သွားတယ်။


လုပ်သင့်တဲ့အလုပ်တွေဆက်လုပ် ၊ တိုးတက်အောင်လုပ်သင့်တာလေးတွေလုပ်ရင်း တဖြည်းဖြည်းနဲ့ ဘ၀ကြီးက နေပျော်လာတာကို တွေ့ရတယ်။

အရင်ကုန်ဆုံးလာတဲ့ နေ့ရက်တွေအတွက် နှမြောစရာကောင်းမှန်းသိသွားရတယ်။
အတိတ်ဆိုးဆိုးတွေကို ထုတ်ပစ်ပြီး လတ်ဆတ်တဲ့ အတွေးခေါ်တွေ အစားသွင်းလိုက်တဲ့အခါ 

ရရှိလာတဲ့အကျိုးမြတ်တွေရဲ့ အရသာကို သိလာရတယ်။


ကျွန်မတို့အားလုံး အချိန်တွေတော်တော်ဖြုန်းခဲ့ကြတယ်။



Credit>>> မနုဿ

No comments:

Post a Comment