ဖရုံသီးပူတင်းအတွက်ဦးစွာပထမ ဖရုံသီးနုနုတလုံးကို ရေ ဆေးသန့်စင်ပါ ပုံမှာ
ပါတဲ့အတိုင်း ဓားချွန်ချွန်နဲ့အရာပေးပြီးအိုးပုံစံလေးလှီးထုတ်ပါ ။ အဆင်မပြေလည်းအကွင်း
လိုက်လှီးလိုက်လို့ရပါတယ် ။ ပြီးလျှင်အတွင်းမှ အသားများအစေ့များကို
ဇွန်းဖြင့်ကော်ထုတ်သန့်စင်လိုက်ပါ ။ ဖရုံသီးအိုးလေးအဆင်သင့်ပြီဆိုပါက ရေ
နွေးအိုးပေါင်းဖို့အဆင်သင့်တည်ထားလို့ရပါပြီ။ အတွင်းမှာ
ထည့်ဖို့ပူတင်းအတွက်ပြင်ဆင်ပါ့မယ်။
ကိုယ်လုပ်မဲ့ဖရုံသီးအိုးအရွယ်ကို ကြည့်ပြီးပူတင်း အချိုးကို ချိန်ဆပါ။
ပူတင်းအတွက်လိုအပ်ပစ္စည်း
***************
နို့စိမ်း ၂၀၀ ဂရမ်
ကြက်ဥ ၂လုံး
သကြား ၂ဇွန်း (အချို ကြိုက်ရင် ပို ထည့်ပါ)
ပျားရည် ၁ဇွန်း
အိုးတခုတွင် နို့စိမ်း၊သကြား၊ပျားရည် ထည်ပြီးအပူပေးပါ။ ကြက်ဥကိုခေါက်ထားပါ ။ အပူပေး ထားသောနို့စိမ်းဆူပွက်စရာမလိုပါ ပူပြီးသကြားပျော်ပါကခေါက်ထားသောကြက်ဥကို ဖြေးဖြေးချင်း ထည့်ကာအဆက်မပျက်မွေပေးပါ နို့နှင့်ကြက်ဥတသားထည်းဖြစ်ပါကဇကာတခုဖြင့် စစ်ထုတ်လိုက်ပါ ။ နို့တအားပူလျှင်ကြက်ဥကျက်ပြီးအဖတ်များဖြစ် တတ်ပါတယ်။ စစ်ပြီးသားပူတင်းရည်ကို အဆင်သင့်လုပ်ထားသောဖရုံသီးအိုးလေးထည်း ထည့်ပြီးအဖုံးပြန်ဖုံးထားပါ။ ရေဆူတည်ထားသောပေါင်းအိုးတွင်ဖရုံသီးအောက်ခြေငြိမ်အောင်ပန်းကန်တခုခံပြီးပေါင်းပါ ။ ဖရုံသီးကြီးသေးပေါ်မူတည်ပြီးပေါင်းချိန်ကြာမြင့်ပါ မယ်။ ခုလုပ်ထားသောအရွယ်ကိုတနာရီပေါင်းရပါတယ်။နာရီဝက်တခါလောက်ဖရုံသီးအိုးလေးဖွင့်ကြည့်ကာပူတင်း သားကျက်မကျက်ကြည့်ပါ အလယ်တည့်တည့်ကိုဖိကြည့်ပြီးမာခဲလာလျှင်မီးဖိုမှချပြီးအအေးခံပါ။ပေါင်းထားသောပန်းကန်လိုက်ကိုရေခဲသေတ္တာတွင်ထည့်ပြီးလုံးဝအေးမှသာလျှင်ထုတ်ယူပြီးလိုသလိုလှီးဖြတ်သုံးဆောင်နိုင်ပါပြီ ။ အရသာပူတင်းချိုချိုအေးအေးနဲ့ဖရုံစိမ့်စိမ့်တွဲဖက်ပြီးစားရတာထူးကဲတဲ့အရသာပါ ။

Credit>>>Sofia Food Paradise

No comments:
Post a Comment