Monday, February 2, 2015

မိုးရွာမှပါ...



မျိုးသမီးတစ်ဦးဟာ ခင်ပွန်းသည် ရုံးသွားနေစဉ်မှာ တခြားလူတစ်ယောက်နဲ့ ဖောက်ပြန်နေပါ
တယ်။

တနေ့မှာ ရည်းစားဖြစ်သူနဲ့ အိပ်ရာထဲမှာ ရှိနေစဉ်မှာ လမ်းထဲကို ယောင်္ကျားဖြစ်သူရဲ့ ကားဝင်
လာတာကို ကြားလိုက်ရပါတယ်။

"ဘုရားရေ.. ဒုက္ခပါပဲ။ ရှင့် အ၀တ်အစားတွေ မြန်မြန်ယူ။ ပြတင်းပေါက်က ခုန်ချလိုက်တော့။ ဒီနေ့
ကျွန်မယောင်္ကျား အိမ်ကို စောစော ပြန်လာတယ်"လို့ ရည်းစားဖြစ်သူကို ပြောလိုက်ပါတယ်။

"ခုန်ချလို့ ဘယ်ဖြစ်မလဲ။ အပြင်မှာ မိုးရွာနေတယ် မဟုတ်လား"လို့ အမျိုးသမီးရဲ့ ရည်းစားက
စောင်အောက်ကနေ ပြန်ပြောလိုက်တာမို့ "သူသာ ကျွန်မတို့ကို တွေ့သွားရင် နှစ်ယောက်စလုံးကို
သတ်လိုက်မယ်"လို့ အမျိုးသမီးက ထပ်ပြောလိုက်ပါတယ်။

"သူက အရမ်းလည်းဒေါသကြီးတယ်။ သေနတ်လည်း ကိုင်တယ်ဆိုတော့ မိုးစိုတာက ရှင့်အတွက်
ဘာမှ မပြောပလောက်ပါဘူး"လို့လည်း ထပ်ပြောလိုက်ပြန်တာမို့ ဖောက်ပြန်သူအမျိုးသားဟာ
စောင်ခြုံအောက်က ထွက်၊ အ၀တ်အစားတွေ ကိုင်ပြီး ပြတင်းပေါက်ကနေ ခုန်ချ ထွက်ပြေးသွားပါ
တော့တယ်။

သိပ်မကြာခင်မှာပဲ အမျိုးသားဟာ သူမြို့တော်မာရသွန်ပွဲ ကျင်းပရာနေရာကို ရောက်နေတယ်ဆိုတာ
သိသွားတာမို့ ပြေးနေကြတဲ့ လူတန်းကြီးနားကကပ်ပြီး လိုက်ပြေးပါတော့တယ်။

အ၀တ်အစားတွေကို ဂျိုင်းကြားညှပ်ပြီး ကိုယ်ဗလာကျင်း အနေအထားနဲ့ သူ့ကို လူအုပ်ကြားမှာ
ရောရောနှောနှောဖြစ်သွားဖို့အရေး အမျိုးသားဟာ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် သိပ်ပြီးတော့
မလုပ်မဖြစ်ပါဘူး။

စပ်စုချင်စိတ်နဲ့ သူ့ကိုကြည့်နေကြတဲ့ အပြေးသမားတစ်စုဟာ တအောင့်အကြာမှာတော့ သူ့နား
ချဉ်းကပ်လာကြပြီး "ခင်ဗျားက အမြဲတမ်းအ၀တ်အစားမပါဘဲ ပြေးတာလား"လို့ တစ်ယောက်က
မေးလိုက်ပါတယ်။

"ဟုတ်တယ်ဗျ"လို့ အမျိုးသားက လေကို တစ်ချက်ရှုသွင်းကာ ပြန်ပြောလိုက်ပြီး "ပြေးနေတဲ့
အချိန်မှာ အရေပြားပေါ်ကို လေတိုက်ခံရတဲ့ ခံစားချက်က အရမ်းကောင်းတယ်ဗျ"လို့လည်း
ဆက်ပြောလိုက်ပါတယ်။

စိတ်ဝင်စားနေတဲ့ နောက်တစ်ဦးက "အ၀တ်အစားတွေကို အမြဲတမ်း ဂျိုင်းကြားညှပ်ပြီး သယ်သွား
တာပဲလား"လို့ မေးလိုက်ပြန်ပါတယ်။

"ဟုတ်ကဲ့"လို့ အမျိုးသားက အသက်မရှုနိုင်ဘဲ ပြန်ပြောလိုက်ပြီး "ပြေးပြီးလို့ ပန်းတိုင်ရောက်တဲ့အခါ
အင်္ကျီတန်းဝတ်ပြီး အိမ်ကိုကားမောင်းပြန် ရုံပဲပေါ့ဗျ"လို့လည်း ဆိုလိုက်ပါတယ် ဒါပေမဲ့လည်း
တတိယမေးခွန်းက ထပ်ရောက်လာပြန်ပါတယ်။

"ခင်ဗျားပြေးတိုင်းမှာ ကွန်ဒုံး အမြဲဝတ်သလားဗျ"လို့ မေးခံလိုက်ရတဲ့အခါ မိမွေးတိုင်းဖြစ်နေတဲ့
အမျိုးသားပြန်ဖြေလိုက်တာက "မိုးရွာမှပါဗျာ"တဲ့။




Credit>>> ဖိုးသူတော် (

No comments:

Post a Comment