BMW အကောင်းစားကားကြီးမောင်းပြီးတော့
ဗိုက်က စတီယာရင်ကို ထိနေပြီ
သင် စိတ်မပင်ပန်းဘူးလား...?
နာမည်ကြီး LV အိတ်ကြီးလွယ်ပြီးတော့
အိတ်ထဲမှာ စိတ်ကျဆေးတွေထည့်ထားတယ်
သင် စိတ်မမောဘူးလား...?
ကုတင်အကောင်းစားကြီးပေါ် အိပ်ပြီးတော့
ညည အိပ်ဆေးတွေသောက်နေရတယ်
သင် ဒေါသထွက်ပြီလား....?
သိန်းကျော်တန် အိမ်သာအိုးပေါ်ထိုင်ပြီးတော့
အညစ်အကြေးတွေ မစွန့်နိုင်ရှာဘူး
ကဲ မခက်ချေဘူးလား...?
ငွေကြေးတွေ အများကြီးပိုင်ဆိုင်ပြီးတော့
ဆရာဝန်တွေကို ခွဲဝေပေးနေရတယ်
သင် ကျေနပ်ပါရဲ့လား....?
ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်ပါ.. ချစ်ပါ...
ငါတို့ကမှ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးပစ္စည်းပါ...

No comments:
Post a Comment