Wednesday, January 28, 2015

ကျန်းမာရေးနဲ့ အလှအပမှုကို ရရှိပိုင်ဆိုင်စေမယ့် အသီးများ


Antioxidant ဆိုတာ ခန္ဓာကိုယ် လည်ပတ်မှုစနစ်အတွက် အန္တရာယ်ပြုခြင်းမှ ကာကွယ်ပေးရာမှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ဆောင်ရွက်ပေးတဲ့ သဘာဝလောကဓာတ်ပေါင်းစည်းမှု တစ်ခုလို့ပဲဆိုရမှာ ဖြစ်တယ်။
Antioxidant ကို ရရှိနိုင်တဲ့ အဓိကမူလအရင်းမြစ် (၂) ခုမှာ ကျွန်ုပ်ရဲ့ ကိုယ်ခန္ဓာနဲ့ ကျွန်ုပ်တို့ စားသုံးနေတဲ့ အစားအစာတွေပဲဖြစ်တယ်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်မှာ Antioxidant တွေ လျော့ကျတဲ့အခါ ဘက်တီးရီးယားတွေက အလွယ်တကူတိုက်ခိုက်လာနိုင်ပါတယ်။
Antioxidant ရရှိဖို့ အကောင်းဆုံးအရင်းအမြစ်က လတ်ဆတ်တဲ့ သစ်သီးဝလံတွေပါ။ အရသာရှိရုံတင်မက အလှအပ၊ ကျန်းမာရေး နဲ့ ခန္ဓာကိုယ်သွယ်လျခြင်းအတွက် အသင့်တော်ဆုံးလည်း ဖြစ်ပါတယ်။
Antioxidant အများဆုံးပါဝင်တဲ့ အသီးတွေမှာတော့…
ဆီးသီး - ကိုလက်ထရောလ်မြင့်မားခြင်းကို ခုခံပေးခြင်းနဲ့ အရိုးသန်မာစေဖို့ အကောင်းဆုံးဖြစ်ပါတယ်။
စပျစ်သီးခြောက် - သွားနဲ့ မျက်လုံးကျန်းမာဖို့ အထောက်အကူဖြစ်စေပါတယ်။
ဘလူးဗယ်ရီသီး - ဒီအသီးတွေမှာ antioxidant ကြွယ်ဝသည်သာမက ရောဂါအမျိုးမျိုးတို့ရဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။
စတော်ဘယ်ရီသီး- ကယ်လိုရီးအနည်းငယ်သာ ပါရှိပြီး aphrodisiac ကြွယ်ဝစွာ ပါဝင်ပါတယ်။
ရှောက်ခါးသီး - အလေးချိန်ကျစေခြင်း၊ အစာချေစနစ်ကောင်းမွန်စေပြီး အဆီလည်းကျစေပါတယ်။
Credit >>> Trend Myanmar

No comments:

Post a Comment