ညဉ့်နက်မှ အစာတစ်ခုခုစားမယ်ဆိုရင် ကိုယ်စားတဲ့ အစားအစာတွေဟာ အစာကြေလွယ်တဲ့ အစားအစာမျိုး ဖြစ်နေရပါမယ်။ ခန္ဓာကိုယ်တွင်း စိမ့်ဝင်နိုင်ဖို့ လိုအပ်ပါတယ်။ ဝမ်းဖြည့်ဖို့ မဟုတ်တော့ပါ။ ဒါကြောင့် ညမအိပ်ခင် ဒီလိုအစားအစာမျိုးကို ရှောင်သင့်ပါတယ်။
• အနီရောင်ရှိအသားနဲ့ တခြားအသားဓာတ်များ
အနီရောင်ရှိတဲ့ အသားတွေက အစာအိမ်ကို ဒုက္ခရောက်စေပါလိမ့်မယ်။ နောက်ပြီး ၎င်းတို့မှာ အဆိုးဆုံး ဖြစ်စေတဲ့ အကျိုးဆက်ကို ပိုင်ဆိုင်ထားကြတယ်။ ဒါပေမယ့် ကြက်သား သို့မဟုတ် ဝက်သားကိုတော့ အဆမတန်စားမှသာလျှင် ဒီအကျိုးဆက်ဖြစ်လာမှာဖြစ်ပါတယ်။
• အဆီများတဲ့အစားအစာ
အဆီများတဲ့ အစားအစာများကို စားပါက ၎င်းကို ချေဖျက်ဖို့ အစာအိမ်အနေနဲ့ အခက်တွေ့မှာဖြစ်ပြီး မနက်အိပ်ယာထချိန်မှာ မူးနောက်တာတွေ ခံစားရနိုင်ပါတယ်။
• ပူစပ်တဲ့အစားအစာ
ဟင်းခတ်အမွှေးကြိုင်တွေဟာ သဘာဝဆေးနည်း တစ်မျိုးဆိုတာတော့ အမှန်ပါ။ သို့ပေမယ့် ညအချိန်မှာ စားသုံးပေးဖို့ အကြံပြုပြောဆိုထားတာမရှိတာကြောင့် စပ်တဲ့အစားအစာကို ရှောင်ပါ။
• ကာဗွန်ဟိုက်ဒရိုက်အပြည့်အဝပါဝင်တဲ့အစားအစာများ
ညအိပ်ယာမဝင်မီ ချိုတဲ့အစားအစာမျိုးကို စားမယ့်အစား ပန်းသီးတစ်လုံးလောက် စားကြည့်ပါ။ အိမ်မက်ကောင်းမက်ပြီး အိပ်နိုင်ဖို့ ညမအိပ်မီ အစာကိုစားချင်ကြသူတွေချည်းဖြစ်ပါတယ်။ ချောကလက် တစ်တုံးလောက် စားမိပြီဆိုရင် အိပ်မရတဲ့ပြဿနာတွေ၊ အိပ်မရတာတွေဖြစ်စေနိုင်ပါတယ်။
Credit >>> Trend Myanmar

No comments:
Post a Comment