Wednesday, January 28, 2015

ဇီဒန်းနဲ့ ဖိနပ် သင်ခန်းစာ.


ကမ္ဘာကျော် ပြင်သစ် ဘောလုံး အား ကစား သမားဟောင်း ဇီဒန်းက ယခုလို ပြောခဲ့ပါတယ်။
"ကျွန်တော် သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ဖို့ ရှူးဖိနပ်မရှိတော့ ငိုဖူးတယ်။ ဒါပေမယ့် ခြေထောက် မရှိတဲ့ လူတစ်ယောက်ကို မြင်တော့ ကျွန်တော် ခြေထောက်နှစ်ဖက် ရှိသေးတဲ့ အပေါ်မှာ ကျေနပ် ရောင့်ရဲ သွားမိတယ်။
" တစ်ခါတစ်ရံ မိမိရဲ့ လိုချင်တပ်မက်စိတ်တွေ များနေရင် မရသေးတဲ့လူတွေကို ကြည့်ပြီးတော့ မိမိပိုင်ဆိုင်ထားတဲ့ အပေါ်မှာ ရောင့်ရဲတင့်တိမ် တတ်ဖို့ လိုအပ် ပါတယ်။ အသော မသတ်နိုင်တဲ့ လောဘက မိမိ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ စိတ်ကကိုတော့ ချမ်းသာသွားစေမှာ မဟုတ်ပါဘူး။
နောက်တစ်ခု ကတော့ ကြိုးစားမှုပါ။ ဖိနပ်မရှိ တိုင်းသာ ဇီဒန်းတစ်ယောက် ကလေး ဘဝမှာ ဘောလုံး မဆော့ခဲ့ရင် မကန်ခဲ့ရင် သူ ဒီလို အောင်မြင်တဲ့ နေရာ တစ်ခုကို ဘယ်ရောက်ခဲ့ ပါ့မလဲ။ တစ်ခါ တစ်လေတော့ မိမိဟာ ပညာသင်ကြား လေ့လာဖို့ပဲ ဖြစ်ဖြစ် တစ်ခုခုကို စွန့်ဦး တီထွင်တော့ မယ်ပဲ ဖြစ်ဖြစ် ဘာမရှိလို့၊ ညာမရှိလို့၊ မပြည့်စုံလို့၊ အချိန်မတန်လို့ ဘယ်သူ မကောင်းလို့ အစရှိသဖြင့် ပြောနေရင် ဘယ်လိုလုပ် ကုန်နိုင်တော့မှာလဲ။ တတ်ချင်စိတ်၊ ရချင်စိတ်၊ ဖြစ်ချင်စိတ်က အောင်မြင်မှုရရှိဖို့အတွက် သေချာတဲ့ ၅၀ ရာခိုင်နှုန်းပါပဲ။
လိုလျှင်ကြံဆ နည်းလမ်းရဆို သလိုပဲ တကယ်တော်သူ၊ တတ်သူ၊ ကြိုးစားသူကတော့ တစ်နည်းမဟုတ် တစ်နည်းနဲ့ သူလိုချင်တဲ့ နေရာတစ်ခုကို ရောက်ရှိပါတယ်။

Credit >>> YoYarLay

No comments:

Post a Comment