Tuesday, February 21, 2017


တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းဝီဂါ ကိုယ်ပိုင်စီရင်စုနယ်မြေနဲ့ ဂန်ဆုခရိုင်တွေထဲမှာ ကြောက်မက်ဖွယ်သဲမုန်တိုင်း တိုက်ခတ်ခဲ့တယ်လို့ စီဂျီတီအန်သတင်းမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ လမ်းမတွေပေါ်မှာ ရှေ့မီးဖွင့် မောင်းနှင်နေကြတဲ့ ကားတွေနဲ့ ဒေသခံတွေကို သဲမှုန်တွေကြားမှာ တွေ့ကြရမှာပါ။
သဲမုန်တိုင်းအရှိန်ကြောင့် ဒေသတွင်းမှာ လေပြင်းတွေ တိုက်ခတ်ခဲ့ပြီး တနာရီကို လေတိုက်နှုန်း ၈၈ ကီလိုမီတာထိ ရှိခဲ့တာပါ။

ဒေသတွင်း မိုးလေဝသဆိုင်ရာ ခန့်မှန်းသူတွေကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့တည်းက တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းအရှိန်ကြောင့် အပူချိန်ဟာ လျော့ကျလာနိုင်ပြီး ဒီကနေ့မှာတော့ နှင်းတွေကျလာနိုင်တယ်လို့ ပြောပါတယ်
Credit >> DBV

No comments:

Post a Comment