Thursday, January 12, 2017

IQ နိမ့္ေသာ အမ်ိဳးသားမ်ားက ပို၍ ယမကာမွီ၀ဲေလ့႐ွိ စားေသာက္ဖြယ္, ဗဟုသုတ, လူမႈ႔ဘဝ, အေတြးအျမင္

ေလ့လာမႈ အသစ္တစ္ခုအရ အ႐ြယ္ေရာက္ၿပီး အမ်ိဳးသားလူငယ္ မ်ားၾကားတြင္IQနိမ့္ေလ ယမကာ ပို၍ မွီ၀ဲေလျဖစ္ေၾကာင္း သိရသည္။ ေလ့လာသူမ်ားက ဆက္လက္ၿပီး ၎င္းသူမ်ားတြင္IQစစ္ေဆးမႈ၌ နိမ့္ က်ေနျခင္းက အျခားေသာက်န္းမာ ေရးအေျခအေနမ်ားႏွင့္ ဆက္စပ္ေန ႏိုင္ေၾကာင္း ေျပာၾကားခဲ့သည္။

 ေလ့ လာမႈအား ဆြီဒင္႐ွိ ကာ႐ိုလင္စကာ အင္စတီက်ဳမွ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ သည္။ ေလ့လာသူမ်ားက ၁၉၄၉ ခုႏွစ္ႏွင့္ ၁၉၅၁ ခုႏွစ္ၾကား ေမြးဖြား ခဲ့သူ ဆီြဒင္အမ်ိဳးသား ၄၉၃၂၁ အား IQစစ္ေဆးမႈမ်ားအား ျပဳလုပ္ၿပီး ေနာက္ ၎င္းတို႔၏ အရက္ေသစာ ေသာက္စားမႈႏႈန္း၊ မူးယစ္ေဆး၀ါး သံုးစြဲမႈႏႈန္း၊ ငယ္႐ြယ္စဥ္ စိတ္က်န္းမာ ေရးအေျခအေန၊ ဖခင္၏ အရက္ ေသာက္တတ္ေသာ အေလ့အက်င့္ စသည္တို႔အား စစ္ေဆးခဲ့သည္။

ထုိအခါ IQစစ္ေဆးမႈတြင္ ရမွတ္နည္းေသာသူမ်ားက အရက္ ေသစာ အလြန္အကြၽံေသာက္စားမႈ မ်ားၿပီး IQ ရမွတ္ေကာင္းေသာသူမ်ားက ပို၍က်န္းမာေသာဘ၀ေနထိုင္မႈ ကို ေ႐ြးခ်ယ္ေလ့႐ွိေၾကာင္း သိရ သည္။

Credit:Health Updates Journal

#Unicode Version

 လေ့လာမှု အသစ်တစ်ခုအရ အရွယ်ရောက်ပြီး အမျိုးသားလူငယ် များကြားတွင်IQနိမ့်လေ ယမကာ ပို၍ မှီဝဲလေဖြစ်ကြောင်း သိရသည်။ လေ့လာသူများက ဆက်လက်ပြီး ၎င်းင်းသူများတွင်IQစစ်ဆေးမှု၌ နိမ့် ကျနေခြင်းက အခြားသောကျန်းမာ ရေးအခြေအနေများနှင့် ဆက်စပ်နေ နိုင်ကြောင်း ပြောကြားခဲ့သည်။

 လေ့ လာမှုအား ဆွီဒင်ရှိ ကာရိုလင်စကာ အင်စတီကျုမှ လုပ်ဆောင်ခဲ့ခြင်းဖြစ် သည်။ လေ့လာသူများက ၁၉၄၉ ခုနှစ်နှင့် ၁၉၅၁ ခုနှစ်ကြား မွေးဖွား ခဲ့သူ ဆွီဒင်အမျိုးသား ၄၉၃၂၁ အား IQစစ်ဆေးမှုများအား ပြုလုပ်ပြီး နောက် ၎င်းင်းတို့၏ အရက်သေစာ သောက်စားမှုနှုန်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်း၊ ငယ်ရွယ်စဉ် စိတ်ကျန်းမာ ရေးအခြေအနေ၊ ဖခင်၏ အရက် သောက်တတ်သော အလေ့အကျင့် စသည်တို့အား စစ်ဆေးခဲ့သည်။

ထိုအခါ IQစစ်ဆေးမှုတွင် ရမှတ်နည်းသောသူများက အရက် သေစာ အလွန်အကျွံသောက်စားမှု များပြီး IQ ရမှတ်ကောင်းသောသူများက ပို၍ကျန်းမာသောဘဝနေထိုင်မှု ကို ရွေးချယ်လေ့ရှိကြောင်း သိရ သည်။

Credit:Health Updates Journal

No comments:

Post a Comment