Monday, January 16, 2017

ယာခင္းအတြင္း အသက္၂၀ခန္႔လူငယ္စုံတဲြ ညအခ်ိန္ခ်ိန္းေတြ႔စဥ္ ေျမြေပြးေပါက္ အေကာင္သုံးဆယ္ခန္႔ ကိုက္၍ အမ်ိဳးသမီးငယ္ေသဆုံး



မုံရြာျမိဳ႔နယ္ ေဗာဓိတေထာင္ႏွင့္ ေက်ာက္ကာေညာင္ပင္ရြာ ျဖတ္လမ္းေဘး ယာခင္း အတြင္း ဇန္နဝါရီ ၁၃ရက္ညပိုင္းက အသက္၂၀လူငယ္အမိ်ဳးသားႏွင့္ အမ်ိဳးသမီး ခ်ိန္းေတြ႔စဥ္ ေျမြေပြးေပါက္ အေကာင္၃၀ခန္႔က အမ်ိဳးသမီးငယ္အား ကိုက္ၾကရာ ေသဆုံးသြားေၾကာင္း မုံရြာနယ္ေျမ ရဲစခန္းစခန္းမႈး ရဲအုပ္ရဲေအာင္ထံမွ သိရသည္။

``ညနက္သန္းေခါင္မွာ မုံရြာေဆးရံုၾကီးမႈခင္းက ေကာင္ေလးႏွစ္ေယာက္ဆိုင္ကယ္နဲ႔ ေကာင္မေလးတစ္ေယာက္ရဲ႔ ရုပ္အေလာင္းကို လာပို႔တယ္ဆိုလို႔ သြားစစ္ေဆးတာေျမြေပြးေပါက္ အေကာင္သုံးဆယ္ ကိုက္ခံရလို႔ ေသဆုံးခ့ဲတာကို ေတြ႔ရပါတယ္။ ေသသြားတ့ဲ ေကာင္မေလးက ခ်င္းတြင္း အထက္ပိုင္းကေန မုံရြာနႏၵဝန္ရပ္ကို လာေနတ့ဲသူျဖစ္ျပီး ေကာင္ေလးကေဗာဓိတေထာင္နဲ႔မိုးညွင္းၾကားက အမိ်ဳးသားေဆာင္မွာေနေနတာပါ´´ဟုရဲအုပ္ရဲေအာင္ကရွင္းျပသည္။

လူငယ္စုံတဲြ ယာခင္းအတြင္း ခ်ိန္းေတြ႔စဥ္ မိနစ္၂၀ခန္႔အၾကာတြင္ အမ်ိဳးသမီးငယ္ကပူတယ္နာတယ္ ကယ္ၾကပါဟု ရုတ္တရက္ေအာ္ျပီး ေနာက္ပိုင္း စကားေမးလုံးဝမရေတာ့သည့္အတြက္ အမ်ိဳးသားငယ္က အေဆာင္ျပန္၍ အေဖာ္သူငယ္ခ်င္းကို ျပန္ေခၚကာ အမ်ိဳးသမီးငယ္ကို ဆိုင္ကယ္ျဖင့္တင္ကာ အမ်ိဳးသမီးငယ္၏ အေဆာင္ကိုရွာေဖြစဥ္ အ သက္ေသဆုံးသြားျခင္းျဖစ္ေၾကာင္းသိရသည္။ အသက္မရွိေတာ့သည့္ အမ်ိဳးသမီးငယ္ကို ဆိုင္ကယ္ျဖင့္ တင္ကာ မုံရြာျပည္သူ႔ေဆးရုံရင္ခဲြရံုသို႔ လာေရာက္ပို႔အပ္ရာရဲအုပ္ရဲေအာင္ႏွင့္အဖဲြ႔ကျဖစ္စဥ္ကို စစ္ေဆးကာခ်က္ခ်င္းပင္အခင္းျဖစ္ယာခင္းသို႔ သြားေရာက္၍ ပိုက္စိတ္တိုက္ရွာေဖြရာ ကိုက္သြားေသာေျမြေပြးေပါက္အေကာင္သုံးဆယ္ခန္႔ကိုေတြ႔ရေသာေၾကာင့္ မီးတိုက္ရိႈ႔ကာ သုတ္သင္ရွင္းလင္းခ့ဲေၾကာင္း ရဲအုပ္ရဲေအာင္ထံမွသိရသည္။

Myanmaalinn

#Unicode Version

မုံရွာမြို့နယ် ဗောဓိတထောင်နှင့် ကျောက်ကာညောင်ပင်ရွာ ဖြတ်လမ်းဘေး ယာခင်း အတွင်း ဇန်နဝါရီ ၁၃ရက်ညပိုင်းက အသက်၂၀လူငယ်အမျိုးသားနှင့် အမျိုးသမီး ချိန်းတွေ့စဉ် မြွေပွေးပေါက် အကောင်၃၀ခန့်က အမျိုးသမီးငယ်အား ကိုက်ကြရာ သေဆုံးသွားကြောင်း မုံရွာနယ်မြေ ရဲစခန်းစခန်းမှုး ရဲအုပ်ရဲအောင်ထံမှ သိရသည်။

``ညနက်သန်းခေါင်မှာ မုံရွာဆေးရုံကြီးမှုခင်းက ကောင်လေးနှစ်ယောက်ဆိုင်ကယ်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ ရုပ်အလောင်းကို လာပို့တယ်ဆိုလို့ သွားစစ်ဆေးတာမြွေပွေးပေါက် အကောင်သုံးဆယ် ကိုက်ခံရလို့ သေဆုံးခဲ့တာကို တွေ့ရပါတယ်။ သေသွားတဲ့ ကောင်မလေးက ချင်းတွင်း အထက်ပိုင်းကနေ မုံရွာနန္ဒဝန်ရပ်ကို လာနေတဲ့သူဖြစ်ပြီး ကောင်လေးကဗောဓိတထောင်နဲ့မိုးညှင်းကြားက အမျိုးသားဆောင်မှာနေနေတာပါ´´ဟုရဲအုပ်ရဲအောင်ကရှင်းပြသည်။

လူငယ်စုံတွဲ ယာခင်းအတွင်း ချိန်းတွေ့စဉ် မိနစ်၂၀ခန့်အကြာတွင် အမျိုးသမီးငယ်ကပူတယ်နာတယ် ကယ်ကြပါဟု ရုတ်တရက်အော်ပြီး နောက်ပိုင်း စကားမေးလုံးဝမရတော့သည့်အတွက် အမျိုးသားငယ်က အဆောင်ပြန်၍ အဖော်သူငယ်ချင်းကို ပြန်ခေါ်ကာ အမျိုးသမီးငယ်ကို ဆိုင်ကယ်ဖြင့်တင်ကာ အမျိုးသမီးငယ်၏ အဆောင်ကိုရှာဖွေစဉ် အ သက်သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။ အသက်မရှိတော့သည့် အမျိုးသမီးငယ်ကို ဆိုင်ကယ်ဖြင့် တင်ကာ မုံရွာပြည်သူ့ဆေးရုံရင်ခွဲရုံသို့ လာရောက်ပို့အပ်ရာရဲအုပ်ရဲအောင်နှင့်အဖွဲ့ကဖြစ်စဉ်ကို စစ်ဆေးကာချက်ချင်းပင်အခင်းဖြစ်ယာခင်းသို့ သွားရောက်၍ ပိုက်စိတ်တိုက်ရှာဖွေရာ ကိုက်သွားသောမြွေပွေးပေါက်အကောင်သုံးဆယ်ခန့်ကိုတွေ့ရသောကြောင့် မီးတိုက်ရှို့ကာ သုတ်သင်ရှင်းလင်းခဲ့ကြောင်း ရဲအုပ်ရဲအောင်ထံမှသိရသည်။

Myanmaalinn

No comments:

Post a Comment