Tuesday, September 20, 2016

Window တွင် မဖြစ်မနေလုပ်ဆောင်ရမည့် System Rating အကြောင်း



Window တွင် မဖြစ်မနေလုပ်ဆောင်ရမည့် System Rating အကြောင်း
Rating ? ဘာလဲ. Rating ဆိုတာ နှုန်းသတ်မှတ်ပေးတာပေါ့..grin emoticon တစ်ချို့ Computer တွေ ကျွန်တော်တွေ့ဖူးတယ်ဗျ..Not Rating တွေ..Window အသစ်တင်ရင် အမြဲ မေ့ မေ့ ကျန်တတ်တဲ့ Function တစ်ခုပါ...Rating မလုပ်လို့ ဘာဖြစ်မလဲ ဘာမှမဖြစ် ပါဘူး...ကိုယ့်ရဲ့ စက်မှာ ရှိတဲ့ RAM တွေ Graphic Card တွေ..ပုံမှန် အလုပ် မလုပ်ပါ ဘူး.လွန်ဆွဲတာတွေ့ဖူးတယ်မလား...အကုန်လုံး ပြိုင်တူဆွဲနေကြတာလေ...
"ဟရောင်....ငါ အရင်ဆွဲမယ်...မင်းခဏနား...ပြီးရင် မင်းဆွဲ " အဲ့လို ဆွဲတဲ့ လွန်ဆွဲပွဲ မျိုးတွေ့ဖူးကြပါသလား tongue emoticon အဲ့တာ ကြောင့် System Rating အကြောင်းကို သိဖို့လို အပ်ပါလိ့မ်မယ်.။ အမြဲတမ်းလည်း လုပ်ပေးစရာမလိုပါဘူး......သုံးလေးလလောက် တစ် ခါဆိုရပါတယ်...မသိသေးတဲ့ သူငယ်ချင်းတွေ အတွက် ရည်၇ွယ်ပြီးရေးတာပါ...သိပြီး သားဆိုရင်လည်း သည်းခံပြီးဖတ်ပေးကြပါခင်ဗျာ......
ကဲ...စမယ်ဗျို့....အာလူးဖုတ်တာတွေနားးးးးး smile emoticon
ပထမဆုံး System Rating ကိုကြည့်ဖို့ အတွက် Window+Pause Break ကိုနှိပ် ပေးလိုက်ပါ... (အယ်..... Window Key ဆိုတာကတော့ KeyBoard ရဲ့ ညာဘက် အောက်လောက်မှာ ရှိပြီး Pause Break ဆိုတဲ့ Key ကတော့ ညာဘက် အပေါ် လောက်မှာ ရှိပါတယ်...မသိသေးတဲ့ သူငယ်ချင်းတွေ အတွက်ပါ)

ဟုတ်.....အဲ့လိုနှိပ်လိုက်လို့..အောက်မှာ ကျွန်တော်ပြထားတဲ့ ပုံအတိုင်း မဟုတ်ပဲ..5.1 တို့ 3.6 တို့ နံပါတ်တွေ ပေါ်နေရင် System Rating လုပ်ပြီးသားပါ.......ထပ်လုပ်စရာ မလိုတော့ပါဘူး...ကျွန်တော်ပြထားတဲ့ အတိုင်း System Rating is not available လို့ပေါ်နေရင်တော့ Rating မလုပ်ရသေးပါဘူး.. လုပ်လိုက်ပါခင်ဗျာ.....
အဲ့ဒီ System Rating is not available ဆိုတဲ့ စာပြာပြာလေးပေါ်မှာ Click တစ်ချက် နှိပ်လိုက်..ရဲရဲ နှိပ်ပါခင်ဗျာ......Computer မပျက်စေရပါဘူး..ပျက်လည်းအသိသာကြီး tongue emoticon ဟုတ်....အဲ့လိုနှိပ်ပြီး၇င် Performance Information & Tools ဆိုတဲ့ စာမျက်နှာ ထဲက ညာဘက်အပေါ်ထောင့်က "Rate This Computer "ဆိုတဲ့ စာသားလေးကို နှိပ် လိုက်ပါ။။။...........
Box လေး တစ်ခု Loading တက်နေပါလိ့မ်မယ်... ခဏလောက်စောင့် လိုက်ပါခင် ဗျာ....ပြီးရင် တော့ ခုန က စာမျက်နှာ ရဲ့ အောက်မှာ 5.9 ...အစရှိတဲ့ နံပါတ် တွေ ပေါ် လာရင်တော့ System Rating လုပ်ငန်းပြီးသွားပါပြီ........
သေချာသွားအောင် Window+Pause Break ထပ်နှိပ်ကြည့်လိုက်..... System Rating is not Available ဆိုတဲ့ စာသားပျောက်ပြီး နံပါတ်နဲ့ခန့်ငြားလှပ သွားပါလိ့်မ်မယ်....tongue emoticon
ပြီးရင်တော့ Restart တစ်ခေါက်လောက်ချပေးလိုက်ပါခင်ဗျာ......
Credit to ITGroup

No comments:

Post a Comment