Tuesday, September 13, 2016

USB thumb drive ဟာ ကွန်ပျူတာမှာ မဖတ်ဘူးဖြစ်နေပါသလား….?
USB thumb drive ကို USB port မှာ တပ်လိုက်တာနဲ့ ဖတ်သလို
အချို့ USB မဖတ်ဘူးဖြစ်ပါတယ်။ အဲဒါ တွေ က ကွန်ပျူတာအဟောင်း
တွေမှာ ဖြစ်တော်တော်များများ ဖြစ်တတ်ပါတယ်။

အဓိကဖြစ်ရခြင်းမှာ…..
1.USB port ဟာ motherboard နဲ့ ကောင်းစွာချိတ်ဆက်မမိခြင်း၊
2.ကွန်ပျူတာက သိပ်ဟောင်းနေလို့ USB ကို ကောင်းစွာမသိခြင်း၊
3.USB thumb drive ကိုယ်တိုင်က မကောင်းခြင်းတို့ဖြစ်ပါတယ်။
အောက်ပါအချက်များကြောင့် ဖြစ်ရတာလို့ယူဆမိပါတယ်။
1.USB port မကောင်းခြင်း
ပီစီ မှာ USB port ကိုစတင်တည်ဆောက်စဉ်က အားနည်းချက်တွေရှိခဲ့
ပါတယ်။ USB ပစ္စည်းအသုံးနည်း သေး လို့ အဲဒီအားနည်းချက်ကို မသိတာ
လည်း ပါပါလိမ့်မယ်။ ဒါ့ကြောင့် အခြား ကွန်ပျူတာ မှာ USB stick ကို
ဖွင့်နိုင် ပေမဲ့ အဲဒီကွန်ပျူတာမှာ ဖွင့်မရပါ။
2.USB cable ကြောင့်ဖြစ်ခြင်း
တချို့ USB stick ဟာ ကြားက USB ကေဘယ်ကြိုး ဒါမှမဟုတ် USB hub
ခံပြီးသုံးရင် ချက်ချင်း အဆက်သွယ် မရပါ။ အထူးသဖြင့် ထူထဲပြီး
အလွန်ရှည်တဲ့ ကြိုးများမှာ ဖြစ်တတ်ပါတယ်။ လက်တွေ့အားဖြင့်
အကြည်ရောင် ကေဘယ်ကြိုးက ပိုကောင်းပါတယ်။
3.ကွန်ပျူတာက အလွန်ဟောင်းခြင်း
ကွန်ပျူတာအဟောင်းများမှာ USB port ဟာ USB 1.0 ဖြစ်နေတတ်ပါတယ်။ အခုအသုံးများတဲ့ USB စနစ်ဟာ USB 2.0 ဖြစ်ပါတယ်။
ဒါကြောင့် နောက်ပေါ်တဲ့ USB stick ကို ဖတ်မယ်မဟုတ်ပါ။
4.PC နှင့် Mac ကွန်ပျူတာ မတူခြင်း
USB stick ကို Mac ကွန်ပျူတာမှာ format ချပြီး PC မှာ တပ်တဲ့အခါ
ဖတ်မရတာ၊ လက်မခံတာမျိုးလည်း ဖြစ် တတ်ပါတယ်။ နောက်တစ်ခုက
USB stick ကို NTFS နဲ့ format ချမိတယ် ဆိုရင်လည်း ဖတ်မရပါ။
ပုံမှန် အားဖြင့် USB stick များကို FAT ဒါမှမဟုတ် FAT32 နဲ့သာ
format ချတာပါ။
5.USB stick မကောင်းခြင်း
USB stick USB thumb drive ဒါမှမဟုတ် flash memory များဟာ
ပျက်စီးလွယ်ကြပါတယ်။ အထူးသဖြင့် ပါဝါကြောင့်ဖြစ်ပါတယ်။
အရေးကြီးတဲ့ ဖိုင်းများကို USB stick မှာ ကြာရှည် သိမ်းမထားသင့်ပါ။
ဖိုင်းများကို ကူး ပြောင်းသယ်ရာမှာ USB stick နှစ်ခုလောက် ဆောင်
ထားပြီး ကော်ပီးကူးပါ။
USB stick ဖတ်မရခြင်းဟာ ဖော်ပြပါ အကြောင်းအမျိုးမျိုးကြောင့်လို့
ဖြေလိုက်ပါရစေ။
လေးစားစွာဖြင့်
#Credit
NayLinHtet (အိုင်တီလမ်းညွှန်)

No comments:

Post a Comment