Monday, September 19, 2016

Fifty Shades Darker နမူနာဗီဒီယို တစ်ရက်တည်းမှာတင် အကြိမ်ပေါင်း သန်း၁၀၀ ကျော် ကြည့်ရှုခံရ



အင်္ဂါနေ့က YouTube မှာ စတင်ပြသခဲ့တဲ့ Fifty Shades Darker ဇာတ်ကားနမူနာဟာ တစ်ရက်အတွင်းမှာတင် အကြိမ်ပေါင်း သန်း ၁၀၀ ကျော် ကြည့်ရှုခြင်းခံရပြီး စံချိန်တင်သွားခဲ့ပါတယ်။ ဖြန့်ချိပြီး၂၄ နာရီအတွင်းမှာ အကြိမ်ပေါင်း ၁၁၄ သန်း ကြည့်ရှုခံရတာဖြစ်ပါတယ်။

ယခင်ကတော့ Star Wars : The Force Awakens ဇာတ်ကားရဲ့ နမူနာဗီဒီယိုက ကြိမ်ပေါင်း ၁၁၂ သန်းနဲ့ စံချိန်ရထားခဲ့တာပါ။ ယခုတော့ Fifty Shades Darker ရဲ့ နမူနာဗီဒီယိုက်The Forces Awakens ထက် အကြိမ်ပေါင်း ၂ သန်း ကျော်လွန်သွားခဲ့ပြီး " စတင်ဖြန့်ချိချိန်မှ ၂၄ နာရီအတွင်း အကြိမ်အများဆုံးကြည့်ရှုခံရတဲ့ ဇာတ်ကားနမူနာ" အဖြစ် စံချိန်ချိုးလိုက်ပါတယ်။ဂျေမီဒေါ်နမ်နဲ့ ဒတ်ကိုတာဂျွန်ဆင်တို့ရဲ့ Fifty Shades Darker ဇာတ်ကားကို ရှေ့နှစ် ဖေဖော်ဝါရီမှာ စတင်ပြသမှာဖြစ်ပါတယ်။

#Credit duwun

No comments:

Post a Comment