USB Stick ကို ဆွဲဖြုတ်တာနဲ့ Eject လုပ်ပြီး ဖြုတ်တာနဲ့ ဘာကွာလဲ
ကျွန်တော်ကို သူငယ်ချင်းတစ်ယောက် မေးလာတယ်ဗျာ။
USB Stick ကို ဒီတိုင်း ဆွဲဖြုတ်တာနဲ့ Eject လုပ်ပြီး ဖြုတ်တာနဲ့ ဘာကွာလဲ
ဆိုပြီးတော့ပေါ့။
ကျွန်တော်ကလည်း အားလုံးဗဟုသုတအဖြစ် ဒီကြောင်းလေးကို လေ့လာဖတ်မိ
သလောက် ရေးသားတင်ပြလိုက်ပါတယ်။
ကျွန်တော်တို့ USB Stick ကို ကွန်ပျူတာနဲ့ အသုံးပြုတဲ့အခါ တစ်ချို့ USB Stick ကို
တစ်ခါတည်း ဆွဲဖြုတ် တတ်ကြပါတယ်။
တစ်ချို့ Eject ကိုနှိပ်ပြီး၊ Safely Remove Hardware Utility ပေါ်မှဆွဲဖြုတ်
တတ်ကြပါတယ်။
တကယ့်ဆိုတော့ Eject လုပ်ပြီး ဆွဲဖြုတ်တာဟာ စနစ်ကျပါတယ်။ အဲလိုပြုလုပ်ဖိုလို့လဲ
Safely Remove Hardware Utility ဆိုတာထည့်ပေး ထားတာဖြစ်ပါတယ်။
သီသန်း Software တွေ အနေနဲ့ လည်း သုံးနိုင်ပါတယ်။
ဒီတိုင်းဆွဲဖြုတ်လိုက်ရင် ၄င်းမှာ ပါဝါရှိနေတဲ့အတွက် ချစ်ပ်ပျက်နိုင်သလိုData တွေ
ကူးနေတဲ့အချိန်ဖြစ်နေရင် အဲဒီ Data တွေ ဖိုင်းတွေ ပျက်နိုင်ပါတယ်။
အဲဒါကြောင်း စနစ်တကျ ဖြုတ်ကျပါလို့ အကြံပေးချင်ပါတယ်။
လေးစားစွာဖြင့်
#Credit
NayLinHtet (အိုင်တီလမ်းညွှန်)

No comments:
Post a Comment