Tuesday, September 13, 2016

အားမှဖတ်ရှုကြည့်ပါ ဖတ်ရှုဖို့ အချိန်မရသေးရင်
save ထားပါ ဒီစကားလုံးတွေက သင့်အတွက်
တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေပါ နောင်မှ နောင်
တမရမိစေနဲ့ 
🍲🍜🍝🍛
မကုန်လို့သွန်ပစ်လိုက်တဲ့ ထမင်းတွေရဲ့တန်ဖိုးကို
ဆာလောင်နေသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး
👕👖👗👚
မဝတ်ချင်တော့လို့ချောင်ထိုးလိုက်တဲ့ အကျီ င်္တွေရဲ့တန်ဖိုးကို
အဝတ်ထည်ရှားပါးနေသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး
👞👡👠👢
မပြတ်သေးပဲစွန့်ပစ်လိုက်တဲ့ ဖိနပ်တွေရဲ့တန်ဖိုးကို
ဖိနပ်မပါပဲသွားလာနေရသူတွေကလွဲလို့ ကျွန်တော့်တို့မသိနိုင်ဘူး
💸📱💰💵
ဒါလေးနဲ့ဖုန်းဘေလ်တစ်လစာ မလောက်ဘူးဆိုတဲ့ ပိုက်ဆံတွေရဲ့တန်ဖိုးကို
ဒါလေးနဲ့တစ်လလုံးလောက်အောင် စားနေရသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး
🕖📆📖
မိုးရွာလို့ကျောင်းမသွားချင်ဘူးဆိုတဲ့ အချိန်တွေရဲ့တန်ဖိုးကို
မိုးရွာထဲမှာငွေရှာနေသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး
👪🙈👪🙉👪🙊
အဖေကတအားချုပ်ချယ်တယ် အမေကတအားဆူတယ်ဆိုတဲ့ မိဘတွေရဲ့တန်ဖိုးကို
မိဘမဲ့နေသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး။

Credit ကဗျာစစ်သည်တော်

No comments:

Post a Comment