ငွေမကုန်စေသော ဆီးချိုပျောက်ဆေးတစ်ခွက်
==================================================
၉၆ ပါးထက်မကသော ဝေဒနာများစွာရှိကြ သလို၊ သဘာဝတရားကြီးရဲ့
ဆုလာဘ်အ ဖြစ် ဆေးဖက်ဝင်တဲ့နွယ်မြက်သစ်ပင်တွေ
လည်း မိမိတို့လက်တစ်ကမ်းမှာ အဆင်သင့်ရှိနေကြပါ တယ်။ သို့သော်
အကျိုးရှိရှိမသုံးနိုင်ခြင်းက လွန်စွာမှ နှမြောစရာကောင်းလှပါတယ်။
ယနေ့ကမ္ဘာပေါ်မှာ လူ တွေကို ဒုက္ခအပေးဆုံးနှင့် ဘေးထွက်ဆိုးကျိုးအများ
ဆုံးရောဂါဟာ ဆီးချို (ီငဘေနအငချ) ရောဂါဖြစ်ပါတယ်။ ဆီးချိုရောဂါဆိုတာ
ဆီးထဲမှာ သကြားဓာတ်များလာ သည့် ဆိုးရွားသောရောဂါတစ်ရပ်ဖြစ်ပြီး ထိုရောဂါစွဲ
ကပ်ပါက ခန္ဓာကိုယ်အတွင်းအပြင် အနာရောဂါတို့ပျောက် ကင်းဖို့
ခဲယဉ်းသွားပါပြီ။
ဆေးသိပ္ပံနည်းအရ ဓာတုပစ္စည်းများဖြင့် စီမံဖော် စပ်ထားတဲ့
ဆီးချိုပျောက်ဆေးများဟာ ဆီးချိုပမာဏ ကိုထိန်းထားနိုင်သော်လည်း
အမြစ်ပျောက်နိုင်စွမ်းမရှိသ လို၊ နာတာရှည်ဆီးချိုရောဂါရဲ့
ဘေးထွက်ဆိုးကျိုးအဖြစ် ကျောက်ကပ်ပျက်စီးစေတဲ့ သာဓကများစွာကို မိမိပတ်
ဝန်းကျင်မှာ မြင်တွေ့ကြားသိနေရပါတယ်။
သဘာဝတရားကြီးက ဖန်တီးပေးထားတဲ့
ကြက် ဟင်းခါး၊ ကင်းပုံသီး(အခါး)၊ ရှားစောင်းခါးသီး၊ ကြောင် လျှာသီး၊
တောင်ဆီးဖြူသီး၊ ခံတက်ရွက်၊ တောကြက် မောက်၊ ပျားမြီးရွက်ပင်၊
ကင်ပွန်းချဉ်ရွက်၊ တရုတ်စံကား ပင်၏ပင်စည်အခေါက်၊ ပြည်ပန်းညိုပင်၏ အရွက်/အ
ခေါက်၊ နတ်ဆေးဂမုန်းပင်၊ ဗေဒါပန်းပွင့်၊ သပြေသီး အစေ့၊ ခဝဲ (ခါး)သီး၊
ရုံးပတီသီး၊ ပဲနံ့သာပင်၊ မာလကာသီး၊ သရက်ပင်အရွက်၊ ဥသျှစ်ရွက်၊ မိုးမခရွက်၊
သစ်ကြံပိုး ခေါက်မှုန့်၊ ဘလူးဘယ်ရီသီးစတဲ့ ဟင်းသီးဟင်းရွက် နှင့်
သစ်သီးဝလံများကလည်း ဆီးချိုရောဂါအတွက် အသုံးတဲ့လှပါတယ်။
ဆီးချိုရောဂါကို မြန်မာဆေးဆရာတို့က ''မဓုမေလ ရောဂါ'' ဟုခေါ်ဆိုကြပြီး
ရှေးပဝေသဏီကတည်းက စ၍ ထိုရောဂါကို ဆင်တုံးမနွယ်ပင်ဖြင့် အမြစ်ပြတ်အောင်
ကုသလာခဲ့ကြပါတယ်။ သို့ပါ၍ ငွေလည်းမကုန်၊ ဘေး ထွက်ဆိုးကျိုးလည်းမရှိ
အမှန်တကယ်အမြစ်ပြတ်ပျောက် စေနိုင်တဲ့ ''ဆင်တုံးမနွယ်''အပင်ကိုသုံးကြည့်ဖို့
တိုက် တွန်းလိုပါတယ်။
ဆေးအညွှန်း
- ဦးစွာ ပင်စည်လက်ခလယ်ခန့်တုတ်သော ဆင်တုံး မနွယ်(ရင့်ရင့်)အပင်ကို တစ်တောင်ဆစ်ခန့်အရှည်လှီး ဖြတ်ပါ။
- အရွက်တွေကိုဖယ်၍ ပင်စည်ကိုရေဆေးပါ။
- ရေခြောက်အောင်သုတ်ပြီးတဲ့အခါ မီးဖုတ်ပါ။ ¤င်း ပင်စည်အပေါ်ခွံကျွမ်းခါနီးအထိ မီးဖုတ်ပေးဖို့လိုပါတယ်။
- အပေါ်က မီးကျွမ်းနေတဲ့အမည်းများကို ခြစ်ထုတ် ပြီး သန့်ရှင်းတဲ့လက်ရိုက်တစ်ခုဖြင့်ထုပါ။
- ပြီးရင် ဆန်ဆေးရည်နှစ်ပိဿာထည့်ထားသော အဝ ကျယ်ြေ<ွကဇလုံထဲမှာ
ဆင်တုံးမနွယ်ကို ထည့်စိမ်ပေး ပါ။ ဆန်ဆေးရည်ထဲမှာ
တစ်နေ့နှင့်တစ်ညစိမ်ပေးရမှာ ဖြစ်ပါတယ်။
- ထိုဆေးရည်ကို ညစာမစားခင်
တစ်နာရီခန့်ကြိုတင် ၍ အချိုပန်းကန်လုံး(လက်ဖက်ရည်ပန်းကန်လုံး) တစ်
လုံးဖြင့် တစ်နေ့တစ်ကြိမ် သောက်ပေးရပါမယ်။
မှတ်ချက်
(၁)
ဆေးရည်သောက်ခါနီးတိုင်း အပေါ်ယံက အမြှုပ်များကို
ြေ<ွကဇွန်းဖြင့်ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည်တစ်ပန်းကန်
ပြန်ဖြည့်ပါ။ ထိုဆေးရည် ကို တစ်လတိတိ သုံးနိုင်ပါတယ်။ တစ်လပြည့်တဲ့အခါ
ဆေးရည်အသစ်ပြန်စိမ်ပါ။
(၂) အရသာခါးသီးလွန်းတာကြောင့် ဆေးသောက် ပြီးတဲ့အခါ ထန်းလျက်(သို့မဟုတ်) ပျားရည်စားပါ။ (သကြား မစားရ)
(၃) ဆေးရည်စိမ်တဲ့ခွက်၊ အမြှုပ်ခပ်ဇွန်းနှင့် ဆေး သောက်ခွက်တို့ကို
ြေ<ွကထည်ပစ္စည်းတစ်မျိုးတည်းသာ သုံးပါ။ (ဓာတ်ဖောက်ပြန်
အာနိသင်ပြယ်စေတတ်တဲ့ စတီးလ်၊ ဒန်၊ ငွေစတဲ့ပစ္စည်းများကို လုံးဝမသုံးပါနှင့်)
(၄) ဆီးကို ပုရွက်ဆိတ်မတက်တော့တဲ့အထိ ဇွဲ ရှိရှိ သောက်ပါ။
(၅) ဆင်တုံးမနွယ်က ဆီးချိုပျောက်စေတဲ့အပြင် အသားဝါရောဂါ၊ ဝမ်းကိုက်၊
ရင်ပြည့်ရင်ကယ်၊ အစာ မကြေ၊ တီဘီ၊ မီးယပ်ဖြူဆင်းခြင်းစတဲ့ရောဂါများကို
ပျောက် ကင်းစေနိုင်ပါတယ်။ ဒါ့ပြင် အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းနှင့်
မျက်စိမှုန်ခြင်းတို့ကိုပါ ကောင်းကျိုးပြု ပါတယ်။
#credit
Tuesday, September 13, 2016
ဗဟုသုတ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment