Thursday, September 15, 2016

တန်ဖိုးရှိတဲ့ မိန်းခလေးဆိုတာ 👧

 
ဖုံထမတက် ဘုရားသွား ဓာတ်ပုံရိုက် ပြန်လာဖို့ထက်
ဘာသာတရား ကိုင်းရှိုင်းပြီး လိမ္မာရေးခြားရှိအောင် နေထိုင်တက် ကြတယ်
တန်ဖိုးရှိတဲ့ မိန်းခလေးဆိုတာ👧
အပေါ်ယံ အရေခွံပေါ်က အသားအရေ ဖြူဖွေးနေဖို့ထက်
နှလုံးသားလှပြီး စိတ်ထားဖြူစင်ဖို့ကိုသာ အဓိကထား ပြုပြင်တက်ကြတယ်

တန်ဖိုးရှိတဲ့ မိန်းခလေးဆိုတာ👧
အလှမာန် တင့်ပြီး ငွေနောက်လိုက်နေဖို့ထက်
ဘဝမှန် လှပြီး သမာအာဇီဝ ကျကျနဲ့ ငွေရှာတက်ဖို့သာ အဓိက ထားတက်ကြတယ်
တန်ဖိုးရှိတဲ့ မိန်းခလေးဆိုတာ👧
ရင်ဖော် ပေါင်ဖော်နဲ့ ခေတ်ဆန်ပြီး လူတိုင်းငေးဖို့ထက်
မြန်မာဆန်ဆန်လေးနဲ့ လှပယဉ်ကျေးဖို့သာ ပြင်ဆင်တက်ကြတယ်
တန်ဖိုးရှိတဲ့ မိန်းခလေးဆိုတာ👧
ကလပ်တက် ဘီယာသောက်မှ ခေတ်မှီဖို့ထက်
ခေတ်နောက်ကျတဲ့ အိမ်တွင်းပုန်းလို့ အခေါ်ခံရတာကို ပိုမိုနှစ်ခြိုက်တက်ကြတယ်
တန်ဖိုးရှိတဲ့ မိန်းခလေးဆိုတာ👧
သူတပါးချစ်သူကို အတင်းအဓမ္မလုယူပြီး အရှက်မရှိ တွဲပြဖို့ထက်
ပစ်မှားဖို့ဝေးစွ ချစ်သူရှိလျှင်တောင် မပတ်သက်မိအောင်နေတက် ကြတယ်
တန်ဖိုးရှိတဲ့ မိန်းခလေးဆိုတာ👧
ရှုပ်ထွေးပွေလီတဲ့ယောင်္ကျားကို အနစ်နာခံ လက်တွဲဖို့ထက်
စွန့်ပစ်ပြီး အသဲကွဲ ခံရတာကို ပိုနှစ်သက်တက်ကြတယ်
တန်ဖိုးရှိတဲ့ မိန်းခလေးဆိုတာ👧
ယောင်္ကျားတစ်ယောက်ကို တခြားတစ်ယောက်နဲ့ ယှဉ်လုဖို့ထက်
ထိုယောင်္ကျားမကောင်းမှန်းသိလျှင် ရဲရင့်စွာ ပြတ်ပြတ်သားသား လမ်းခွဲတက်ကြတယ်
တန်ဖိုးရှိတဲ့ မိန်းခလေးဆိုတာ👧
ကိုယ်လက်ထပ်မယ့် ယောင်္ကျား ငွေကြေးချမ်းသာဖို့ထက်
စိတ်ချမ်းသာအောင် ထားနိုင်ပြီး အရည်အချင်းရှိတဲ့သူမျိုးကိုသာ လက်တွဲလေ့ရှိကြတယ်
တန်ဖိုးရှိတဲ့ မိန်းခလေးဆိုတာ👧
လမ်းတကာထွက် ယောင်္ကျားမျိုးစုံနဲ့တွဲ အပျိုရည်ပျက်ဖို့ထက်
ကိုယ့်ခင်ပွန်းအတွက် အပျိုစင်ဘဝကို တန်ဖိုးထား ထိန်းသိမ်းတက်ကြတယ်
တန်ဖိုးရှိတဲ့ မိန်းခလေးဆိုတာ👧
အရှက်မဲ့စွာ ငွေကြေးနဲ့ ဘဝကို လဲလှယ်ဖို့ထက်
သိက္ခာတရားကို တန်ဖိုးထားပြီး ကိုယ်ကျင့်သီလ ကောင်းမွန်အောင် ကျင့်ကြံနေထိုင်တက်ကြတယ်
တန်ဖိုးသိ၍ တန်ဖိုးရှိသော မိန်းခလေးများ ဖြစ်ကြပါစေ 😊

#Credit

No comments:

Post a Comment