သူ့ဘက်က ကိုယ့်ကို အရူးလုပ်တာ မခံရဖို့ ဒီအချက်တွေ ကြိုသိထားသင့်ပါတယ်။
သင်နဲ့လတ်တလော အတူရှိနေတဲ့ အမျိုးသားက အခုဖော်ပြမယ့်အချက်တွေ လုပ်နေပြီဆိုရင်တော့ သူသင့်ကို တကယ်ချစ်တာ မဟုတ်ဘဲ သက်သက် အရူးလုပ်နေတာလို့ ယူဆနိုင်ပါတယ်။ ဒါမှမဟုတ် သင့်ကို အီစီကလီလုပ်ရုံသက်သက်လို့ ယူဆနိုင်ပါတယ်။
၁။ ရည်းစားမထားချင်သေးဘူး ပြောမယ်
သူ့အကြောင်း ကိုယ့်အကြောင်း ပြောကြတဲ့အခါ သူက ရည်းစားမထားချင်ဘူးဆိုတာ ခဏခဏ ပြောမယ်။ ဒါပေမဲ့ သင့်ကိုတော့ဂရုစိုက်ချင်ယောင်ဆောင်မယ်။
၂။ သင့်အကြောင်းတွေ စိတ်မဝင်စား
သင်နဲ့ သူ ခဏခဏ အတူတူ အပြင်သွားရင်သွားမယ်။ သင့်ကိုတွေ့ရင် သူပျော်ရင်ပျော်နေလိမ့်မယ်။ ဒါပေမဲ့ သင့်အကြောင်းတွေသူစိတ်ဝင်တစား မရှိရင် သင့်ကို တကယ်မချစ်သေးတာ ဖြစ်နိုင်ပါတယ်။
၃။ မက်ဆေ့ပို့မယ်၊ လာမတွေ့ဘူး
မက်ဆေ့တွေတော့ ခဏခဏပို့မယ်။ သင့်ကိုရည်ရွယ်ပြီး ရေးတာလို့ ထင်ရတဲ့ facebook status တွေတင်မယ်။ ဒါပေမဲ့ အပြင်မှာတော့လာတွေ့ဖို့ သူ့မှာ အချိန်မရှိဘူး။
၎။ ကြုံသလို တွေ့မယ်
သင်နဲ့ အတူတူ အပြင်သွားဖို့ တိတိကျကျ နေရာတစ်ခု သူရွေးထားတာ မရှိဘူး။ ကြုံသလိုပဲ သင်နဲ့သူ တွေ့ဖြစ်တယ်။ ရိုမန်တစ်ဆန်ဆန်စားသောက်ဆိုင်နဲ့ အခြားနေရာတွေ သွားဖို့ သူဘယ်တော့မှ မပြောဘူး။
၅။ အပြင်မှာ တွေ့ဖို့ သင်ကချည်း ပြောနေရတယ်
သင်က အပြင်မှာ တွေ့ပြီး မုန့်စားကြဖို့၊ ရုပ်ရှင်ကြည့်ဖို့ ပြောတဲ့အခါ သူ့ဘက်က အမြဲ သဘောတူချင်တူပါလိမ့်မယ်။ ဒါပေမဲ့ သင်နဲ့တွေ့ဖို့သူ့ဘက်က စချိန်းလေ့မရှိဘဲ ဒီလိုလုပ်နေတာဆိုရင်တော့ သတိထားသင့်ပါတယ်။ သူသင့်ကို အရူးလုပ်နေတာ ဖြစ်ပါလိမ့်မယ်။
၆။ တစ်ခါမှ မချစ်ဖူးဘူးပြောမယ်
တစ်ခါမှ ရည်းစားမထားဖူးတဲ့သူတော့ ရှိကောင်းရှိနိုင်ပါတယ်။ တစ်ခါမှ မချစ်ဖူးဘူးဆိုတဲ့သူကို တွေ့ဖို့တော့ အတော်ရှားမှာပါ။ သူ့ရဲ့ အသက်က ဆယ်ကျော်သက် မဟုတ်တော့ဘူးဆိုရင် ဒါကို ချက်ခြင်းမယုံလိုက်ပါနဲ့။ သင့်ကို အရူးလုပ်နေပြီလို့ ကြိုတွေးထားပါ။
Credit >> Duwun



No comments:
Post a Comment