အခုဘဝမှာ မိန်းမဘဝ ဖြစ်နေရ ပေမယ့်
နောက်ဘဝတခုခု(သို့)နောင် ဘဝ တွေမှာ
ယောကျာ်းဘဝ ဖြစ်ချင် တယ် ဆို ရင်.....
၁။ရတနာ သုံးပါးကိုသာ ကိုးကွယ် ပါ။
ထေရဝါဒနဲ့ မဆိုင် တာတွေ ဘာမှ မကိုးကွယ် ရပါဘူး။
၂။၅ပါးသီလကို လုံခြုံအောင် ထိန်းပါ။အတတ်နိုင် ဆုံး
၅ပါးသီလ လုံခြုံဖို့ လိုအပ်ပါတယ်။
၃။မိန်းမ ဘဝကို မလိုချင် ဘဲ ယောကျာ်းဘဝကိုသာ
ဖြစ်လိုတဲ့ ပြင်းထန်တဲ့ ဆန္ဒ ရှိရပါမယ်။
၎။မိမိက အိမ်ထောင် သည် အမျိုးသမီး ဖြစ်နေရင်
မိမိယောကျာ်းဖြစ်သူအ ပေါ်မှာ ရိုသေရပါမယ်။
မယားဝတ်တရား ၅ပါး ကျေရပါမယ်။
၅။မိန်းမဘဝကို ငြီးငွေ့သောစိတ်ရှိရပါမယ်။
ဒါန၊သီလ တွေ ပြုပီး ယောကျာ်းဘဝ ဖြစ် ရဖို့
ဆုတောင်းပါ။
မိန်းမဘဝ ဖြစ် ရခြင်း အ ကြောင်းများ
၁။ဘုရားအ လောင်းတော်ကို မွေးဖွားလိုသူ၊
ဘုရားအ လောင်းတော် ရဲ့ မယ်တော် ဖြစ်လိုသူ
တွေဟာ မိန်းမဘဝကို ဖြစ် ရပါတယ်။(ဘုရား
အ လောင်းတော် ရဲ့ မယ်တော် ဖြစ်လိုသူက တော့
ဘဝတိုင်း မိန်းမ မဖြစ် ပါဘူး။အခု သုတိတာ နတ်ပြည်
မှာ နတ်သား ဖြစ်နေပါတယ်။)၊
၂။ဘုရားအ လောင်းတော်ရဲ့ ပါရမီ ဖြည့်ဖက်ဖြစ်လိုသူ
(ယ သော်ဓရာ ကဲ့သို့ ပါရမီ ဖြည့်ဖက်)ဟာ မိန်းမဘဝ
ကို ဖြစ် ရပါတယ်။
၃။မိန်းမဘဝကို ဖြစ်လိုသူ၊မိန်းမ ဘဝကို နှစ်သက်သူ၊
၎။ရာဂ ဆန္ဒကြီးမားသူ၊
၅။ရာဂ ဆန္ဒဖြင့် မိန်းမများကို တပ်မက် စွဲလမ်းသူ၊
၆။သေခါနီးအချိန် မိန်းမ အင်္ဂါများကို စွဲလမ်းသူ၊
၇။ကာမေသု မိစ္ဆာစာရကံကို ဘဝတခုခုမှာ ကျူးလွန်
ဖူးသူ၊
(ယောကျာ်းလည်း မဟုတ်၊မိန်းမလည်း မဟုတ်သော
ဘဝကို ဖြစ် ရသူများဟာ ကာမေသု မိစ္ဆာစာရ ကံကို
ကျူးလွန်ထားသူများ ဖြစ်ပါတယ်။)
၈။ရဟန္တာ၊သီလ၊သမာဓိ၊ပညာနဲ့ ပြည့်စုံသော ပုဂ္ဂိုလ်
များကို စော်ကားမိဖူးသူ၊(ဘုရားရှင် လက်ထက်က
ရှင် မဟာ ကစ္စည်း မ ထေရ်က သပ္ပါယ်ဖွယ် အဆင်း
ရှိသည်ကို "ငါ့မိန်းမ ဖြစ် ရင် ကောင်းမှာပဲ"လို့ စော်ကား
မိသူမှာ ရေချိုးနေရင်း ယောကျာ်းဘဝမှ မိန်းမဘဝသို့
ပြောင်းသွားပါတယ်။)
အခုဘဝမှာ ယောကျာ်းဘဝကို ရရှိနေ ပေမယ့်
၃,၄,၅,၆,၇,၈ မှာ ဖော်ပြထားတဲ့ အပြစ်တခုခုကို
ကျူးလွန်မိရင် နောင် ဘဝမှာ(သို့)နောင် ဘဝ တွေမှာ
မိန်းမ ဘဝကို ရရှိ ပါလိမ့်မယ်။
အရှင် အာနန္ဒာ အ လောင်းသည် ပန်းထိမ်သည် ဘဝမှာ
ကာမေသု မိစ္ဆာစာရ ကံကို ကျူးလွန်မိ၍ သေ သော
အခါ ငရဲမှာ အနှစ်သန်းပေါင်း များစွာ ကျခံရပါတယ်။
ငရဲက လွတ်လာပြန်တော့ တိရိစ္ဆာန် ဘဝနဲ့ ဘဝ ပေါင်း
များစွာ သင်းကွတ်ခံရပါတယ်။မိန်းမလျာ ဘဝ တွေကို
လည်း ဖြစ် ခဲ့ရပါတယ်။မိန်းမ ဘဝကိုလည်း
ဖြစ် ခဲ့ရပါတယ်(ကျွန်တော် နာယူ မှတ်သားဖူးတာ
မိန်းမ ဘဝ ၂ကြိမ် ပါ။)။တကြိမ်လေးပဲ ကာမေသု
မိစ္ဆာစာရ ကံကို ကျူးလွန်ခဲ့တဲ့ အရှင် အာနန္ဒာ
အ လောင်းဟာ အခုလို တွေ ပြန်ခံခဲ့ရတာပါ။
ဒါ ကြောင့် ကာမေသု မိစ္ဆာစာရ ကံကို ကျူးလွန်ဖို့
စဉ်းစား ကြံစည်နေသူများ သတိထားစေ ချင်ပါတယ်။
Buddhism - Religious Education မှ ။

No comments:
Post a Comment