Friday, March 6, 2015

အကယ်ဒမီဆုကြေးတွေအားလုံး ဒါရိုက်တာဝိုင်းကို ကန့်တော့ခဲ့တဲ့ ၀တ်မှုံရွှေရည်


အကယ်ဒမီဆုချီးမြှင့်ငွေ အားလုံးကို ဒါရိုက်တာ ၀ိုင်းအား သွားရောက်ကန်တော့ခဲ့ကြောင်း ၀တ်မှုံရွှေရည်ကပြောသည်။
‘‘ဘုန်းဘုန်းကျောင်းမှာ ကြယ်လှူတဲ့နေ့ကတည်းက ကန်တော့မလို့ပါ။ ဒါပေမဲ့အဲဒီနေ့က ကိုဝိုင်းမအားတာနဲ့ မကန်တော့ဖြစ်လို့ ဒီနေ့ (မတ် ၅) မှ သွား ကန်တော့ဖြစ်တာ’’ဟု ၎င်းကပြောသည်။ အကယ်ဒမီရပြီးချိန်က တည်းက ဆုချီးမြှင့်သည့် ငွေအားလုံးကို ဒါရိုက်တာ ၀ိုင်းကို ကန်တော့ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး နှစ်ယောက်စလုံးမအားသောကြောင့် ယခုအချိန်မှ ကန်တော့ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
ဝတ်မှုံရွှေရည်သည် အကယ်ဒမီဆုမှ ရွှေကြယ်ကို ဖေဖော်ဝါရီ ၁ရက်က အောင်ဇမ္ဗူတောရကျောင်းတိုက်၌ လှူဒါန်းခဲ့သည်။
Credit >> 7Day

No comments:

Post a Comment