Wednesday, February 4, 2015

ဘက်ထရီဖြင့် ၂၇ နာရီအထိ အသုံးပြုနိုင်သော Toughbook 31 laptop ကို Panasonic မိတ်ဆက်


ပီးခဲ့သည့်ရက် အနည်းငယ်ခန့်က Panasonic သည် ၁၈ နာရီ အထိအသုံးပြုနိုင်သော Toughbook 31 laptop ကိုမိတ်ဆက်ခဲ့ပြီး ၎င်းထုတ်ကုန်တွင် အရံဘက်ထရီ တပ်ဆင်ထားပါက ၂၇ နာရီ အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ laptop ကိုအကြမ်းခံနိုင်သည့် လက်ကိုင်အိတ်ပုံစံ အတိုင်းဖန်တီးထားသောကြောင့် ပြုတ်ကျမှုများ ဖြစ်ပေါ်သည့်အခါ ထိခိုက်မှုမရှိနိုင်ပေ။ Touchbook 31 ကိုလာမည့်လတွင် ကန်ဒေါ်လာ ၃,၆၉၉ ဖြင့်စတင် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ Toughbook သည်လတ်တလောတွင် ထွက်ရှိထားသည့် laptop နှစ်ခုထက် ဘက်ထရီသက်တမ်းပိုမို ကြာရှည်ခံကြောင်း သိရသည်။ Dell မှထုတ်လုပ်ထားသော XPS 13 သည် ၁၅ နာရီအထိအသုံးပြုနိုင်ကာ အရံဘက်ထရီပါဝင်လာပါက ၂၂နာရီအထိ အသုံးပြုနိုင်သည်။ ထို့အပြင် ဘက်ထရီနှစ်ခုပါဝင်သော Lenovo ၏ ThinkPad X250 သည်နာရီ ၂၀ အထိသာအသုံးပြုနိုင်ကြောင်း သိရှိရသည်။
Toughbook သည်၎င်း၏ နာမည်ကဲ့သို့ပင် ကြမ်းတမ်းသည့် ပတ်ဝန်းကျင်များနှင့်ကိုက်ညီအောင် ဖန်တီးထားသည်။ ၎င်း laptop တွင် ၁၃.၁ လက်မ touch screen ပါဝင်ပြီး အလေးချိန်မှာ ၃.၅၈ ကီလိုဂရမ်ရှိပြီး ဘက်ထရီနှစ်ခုပါဝင်သည့် အလေးချိန်မှာ ၃.၇ ကီလိုဂရမ်အထိရှိလာမည်ဖြစ်သည်။





No comments:

Post a Comment