Scania ကားကုမ္ပဏီက မြန်မာပြည်သူတွေကိုယ်တိုင် ကြည့်ရှုနိုင်ဖို့အတွက်Graffiti Art Performance ပွဲကို ဇန်နဝါရီ ၃ဝကနေ ဖေဖော်ဝါရီ ၁ရက်နေ့အထိ ၃ရက်ကြာ ပြပွဲတစ်ခု Junction Square မှာ ပြသခဲ့ပြီးScania ကားကို ကိုယ်တိုင်ကိုယ်ကျ စီးနင်းလိုက်ပါနိုင်ဖို့လည်း နာနတ်တောလမ်းတစ်ပတ် စီးနင်းမောင်းနှင်ပြသခဲ့ပါတယ်။
Graffiti ရေးဆွဲတဲ့ သရုပ်ပြမှုကိုတော့ နောက်ဆုံးနေ့မှာ ပြုလုပ်ခဲ့ပြီး ယာဉ်လိုင်းကုမ္ပဏီတွေရဲ့ Logo နဲ့ ကားဒီဇိုင်းပုံစံတွေကို စေတန်က ရေးဆွဲခဲ့ပါတယ်။ ခိုင်မန္တလေး၊ ရွှေမန္တလာ၊ တလမွန်၊ Elite၊ မန္တလာမင်း၊ GIစတဲ့ Scania ကားကိုသုံးတဲ့ ခရီးသည်တင်အမြန်ယာဉ်လိုင်းတွေေ တွရဲ့ ဒီဇိုင်းနဲ့ Logo ကို ရေးဆွဲခဲ့ပါတယ်။
Scania စီးနင်းတဲ့
ခရီးသည်တွေ သက်တောင့်သက်သာ အန္တရာယ်ကင်း ဘေးရှင်းစေမယ့် ဝန်ဆောင်မှုတွေကို
အဓိကပြသတဲ့ပွဲမှာတော့ လူငယ်တွေအများစုလည်ပတ်ကြတဲ့ Junction Square မှာ ပြသရတာဟာ သူတို့ဆီက လူငယ်အင်ဂျင်နီယာတွေရဲ့ ကျွမ်းကျင်မှုနဲ့ အရည်အချင်းကို ပြသချင်တာလည်း ပါတယ်လို့ မမေသော်တာစိုးက ပြောပါတယ်။
Scania အမြန်ဘတ်စ်ကားတွေကို ချို့ယွင်းမှုတစ်ခုခုဖြစ်ခဲ့ရင် ၂၄နာရီအချိန်ပြည့် Service ရှိလို့
အမြန်ဆုံး ပြင်ဆင်ပေးမှာဖြစ်သလို ခရီးသည်တွေအတွက်လည်း
ကားတစ်စီးအစားထိုးနိုင်ဖို့ အမြဲအဆင်သင့် ပြင်ဆင်ထားတယ်လို့ ရှင်းပြပါတယ်။
ခရီးသည်တွေအနေနဲ့ စိတ်ချယုံကြည်ရတဲ့ ဘတ်စ်ကားတွေကို
ရွေးချယ်စီးနင်းနိုင်မှာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
Credit>>>Kamayut Media

No comments:
Post a Comment