Monday, February 2, 2015

Reebonz ရဲ့ ပထမဆုံးမြန်မာပြည်ဆိုင်ခွဲ ဘာ့ကြောင့်ဖွင့်တာလဲ




အာရှရဲ့ နာမည်ကျော် တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းတွေ ရောင်းချနေတဲ့Reebonz က မြန်မာနိုင်ငံရဲ့ ပထမဆုံး Concept Store ကို ရန်ကုန်မြို့ ရန်ကင်းလမ်းပေါ်က Golden City မှာ ဖေဖော်ဝါရီ ၁ရက်စတင်ပြီး မိတ်ဆက်ဖွင့်လှစ်လိုက်ပါတယ်။ ဇိမ်ခံပစ္စည်းဈေးကွက်မှာ ဦးဆောင်နေတဲ့Reebonz မြန်မာပြည်မှာ ဘာ့ကြောင့်ဆိုင်ဖွင့်တာလဲ။
စင်္ကာပူအခြေစိုက်ပြီး အာဆီယံနိုင်ငံတွေအပါအဝင် တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်နဲ့ အမေရိကန်ပြည်ထောင်စုတွေက အွန်လိုင်းကနေတစ်ဆင့် ဝယ်ယူနိုင်တဲ့ ဝန်ဆောင်မှုတွေရှိပြီး သုံးစွဲသူတွေ ကိုယ်တိုင်ကြည့်ရှုနိုင်ဖို့ နိုင်ငံတကာဆိုင်ခွဲတွေထဲမှာ မြန်မာပြည်က ၄နိုင်ငံမြောက်ဖြစ်ပြီး နာမည်ကြီးပစ္စည်း အစစ်အမှန်ဖြစ်တာကို အာမခံသလို မစစ်ခဲ့ရင် ပစ္စည်းတန်ဖိုးအပြင် ဒေါ်လာ တစ်သောင်းကိုပါပေးမယ်လို့ ဆိုပါတယ်။
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးလာတာကို စိတ်ဝင်စားတဲ့အနေနဲ့ တန်ဖိုးကြီးဇိမ်ခံပစ္စည်း သုံးစွဲသူ လူတန်းစားတစ်ရပ်လည်း ရှိလာတာမို့ ဈေးကွက်လိုအပ်ချက်ကိုဖြည့်ဆည်းတဲ့အနေနဲ့ မြန်မာနိုင်ငံကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ Reebonz ရဲ့ Brand Officer က ပြောပါတယ်။ သူတို့ပစ္စည်းတွေကို အွန်လိုင်းမှာပဲ မြင်ရပြီး မထိတွေ့ရဘူးဆိုတာ မရှိစေရဖို့ ဆိုင်ဖွင့်တာဖြစ်ပြီး နမူနာပြထားတဲ့အတိုင်း မှာယူပေးတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ Concept Store ဆိုင်ခွဲဖွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူတဲ့အကြောင်း၊ ဒေါ်လာ တစ်ရာတန် ပိုက်ဆံအိတ်ကနေ သောင်းကျော်တဲ့ လက်ကိုင်အိတ်တွေပဲဖြစ်ပါစေ အစစ်အမှန်ပစ္စည်းဖြစ်ဖို့ အာမခံသလို ပစ္စည်း မစစ်ခဲ့ရင် ပစ္စည်းတန်ဖိုးအပြင် ဒေါ်လာတစ်သောင်း ပြန်လျော်ပေးမှာမို့ ယုံကြည်စိတ်ချစွာ သုံးစွဲကြပါလို့ ဆိုပါတယ်။


Credit>>>Kamayut Media

No comments:

Post a Comment