Monday, February 2, 2015

ရန်ကုန်က ဘယ်စားသောက်ဆိုင်တွေ Myanmore ပေးတဲ့ဆု ရသွားလဲ



ရန်ကုန်မှာရှိတဲ့ အစားအသောက်တွေနဲ့ပတ်သက်ပြီး ဝန်ဆောင်မှုတွေ လုပ်ခဲ့တဲ့ စားသောက်ဆိုင်တွေ၊ ဘားတွေ၊ ဟိုတယ်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ Myanmore ကုမ္ပဏီက Dining & Nightlife Awards ဆုပေးအပ်ပွဲကို ဇန်နဝါရီ ၃၁ရက်နေ့ညက ချက်ထရီယံဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ဒီညစာစားပွဲမှာ အရှေ့တောင်အာရှအစားအစာဆုကို ရခဲ့တဲ့ House of Singapura စားသောက်ဆိုင်က ကိုသက်ပိုင်ဦးက Myanmoreရဲ့ထောက်ပံ့မှုဟာ ခိုင်မာပြီး တိုးတက်များပြားလာတဲ့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေကလည်း ပြည်ပနိုင်ငံတွေလို ဖြစ်လာတာမို့ ဆုရသူတွေ ရပ်မနေကြဘဲ ဝန်ဆောင်မှုအကောင်းဆုံးအတွက် ကြိုးစားကြပါလို့ ကိုသက်ပိုင်ဦးက တိုက်တွန်းခဲ့ပါတယ်။

မြန်မာစာရောင်းချတဲ့ Feel စားသောက်ဆိုင်၊ အိန္ဒိယစာကောင်းတဲ့Corriander Leaf၊ ဂျပန်စာကောင်းတဲ့ Kohaku၊ ချက်ထရီယံဟိုတယ်နဲ့ ကိုရီးယားစာကောင်းတဲ့ Arirang စတဲ့ စားသောက်ဆိုင်တွေကိုလည်း ဆုတွေအသီးသီး ချီးမြှင့်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၆လ တစ်နှစ်အတွင်း ရန်ကုန်မြို့က စားသောက်ဆိုင်တွေ၊ ဘားတွေဟာ အပြောင်းအလဲကြီးကို ပြောင်းလဲခဲ့ပြီး နိုင်ငံတကာခရီးသွားတွေ၊ စီးပွားရေးသမားတွေအတွက် ရန်ကုန်ရဲ့ညအလှနဲ့ စားသောက်ဖွယ်ရာ စုံလင်မှုဟာ ရင်ခုန်စရာတွေ အများကြီးဖြစ်ခဲ့ပါတယ်လို့ Myanmoreတာဝန်ရှိသူက ပြောပါတယ်။ သူတို့အနေနဲ့ စားသောက်ဖွယ်ရာ လမ်းညွှန်တွေကို ထုတ်ဝေနေတဲ့ မဂ္ဂဇင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။


Credit>>>Kamayut Media

No comments:

Post a Comment