ကျွန်ုပ်တို့ နေ့တိုင်း အရေပြားဆဲလ် သန်းနဲ့ချီ ချွတ်ပစ်လဲလှယ်ကြရပါတယ်။ အများစုက အိပ်ယာထဲမှာဖြစ်ပြီး တစ်ညအတွင်း ချွေး (၁) လီတာ ဆုံးရှုံးကြပါတယ်။ အဲဒီနှစ်ခုစလုံးက မြေမှုန်မြေစလေးတွေကို စုပ်ယူပါတယ်။
အန္တရာယ်မရှိပေမယ့် ဖုန်မုန့်လေးတွေဟာ ယားယံခြင်း၊ နာခေါင်းရောင်ကိုင်း နာကျင်စေခြင်းနဲ့ ပန်းနာ စတဲ့ ရောဂါတွေ၊ ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာတွေပါဝင်နေတဲ့ တိရိစ္ဆာန်ချေးတွေကို ထုတ်ပေးပါတယ်။ စိုးရိမ်စရာ ကောင်းတာက ကျွန်ုပ်တို့ထဲ ဆယ်ယောက်မှာ တစ်ယောက်က အိပ်ယာခင်းတွေကို (၄) ပတ်တစ်ကြိမ်သာ လျော်ကြပြီး ၃ ပုံ ၁ ပုံမကရှိသူတို့ကတော့ ၁၄ ရက်ထိ စောင့်ကြတယ်လို့ မကြာသေးမီက YouGov စစ်တမ်းအရ သိပါတယ်။
ဘက်တီးရီးယားတွေ သုတ်သင်ဖယ်ရှားဖို့ အနည်းဆုံး တစ်ပတ်တစ်ကြိမ် လျှော်ပေးသင့်ကြောင်း အကြံပြု ထားပါတယ်။
ခရမ်းလွန်ရောင်ခြည်တွေက အဏုဇီဝသက်ရှိတွေ နိမ်နင်းရာမှာ ထိရောက်မှုရှိတာကြောင့် အိပ်ယာခင်းများနဲ့ ခေါင်းအုံးစွပ်တွေကို ဖြစ်နိုင်ရင် နေရောင်ခြည်နဲ့ တိုက်ရိုက် လှန်းပေးပါ။ ကျန်ရှိနေနိုင်တဲ့ ဘက်တီးရီးယားတွေ သတ်ဖြတ်ရန်အတွက် ခေါင်းအုံးစွပ်တွေကို မီးပူ တိုက်ပေးပါ။
Credit>>>Trend Myanmar

No comments:
Post a Comment