မနက်ခင်းတိုင်းကို စိတ်ရှုပ်စရာ၊ အာရုံနောက်စရာတွေနဲ့ချည်း ကျော်ဖြတ်နေရမယ်ဆိုရင် ဒီလိုအခြေအနေကို ပြောင်းလဲပစ်ဖို့ အချိန်တန်ပါပြီ။ တစ်ခါတစ်လေ နိုးနိုးချင်း အချိန်ကတည်းက စိတ်မကြည် မလင်ဖြစ်တာမျိုး၊ ခေါင်းနောက်နေတာမျိုးတွေကြောင့် ကျောင်းသွား၊ အလုပ်သွားတဲ့အခါတွေမှာပါ အဆင်မပြေတော့တာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒါတွေကို ဘယ်လိုပြောင်းလဲပစ်နိုင်မလဲဆိုတာ အကြံဥာဏ်ပေးချင်ပါတယ်။
၁။မနက်စောစောထပါ။
နေဖင်ထိုးအောင် အိပ်ခြင်းဟာ သင့်ရဲ့စိတ်ကို မကြည်လင်စေတော့ပါဘူး။ ထိုင်းမှိုင်းသွားစေတတ်တာမို့ ဖြစ်နိုင်ရင် မနက်စောစောထတဲ့အကျင့်ကို လုပ်ပါ။ လေ့လာတွေ့ရှိချက်တွေအရ မနက်စောစောမထပဲ အချိန် ၉နာရီထက်ပို အိပ်တတ်တဲ့သူတွေဟာ ဒေါသတွေ ပိုထွက်တတ်တဲ့အပြင်၊ စိတ်ဖိစီးတာတွေ၊ ကျန်းမာရေးဆိုင်ရာ ပြသနာတွေ ပိုကြုံတွေ့ရတတ်ပါတယ်။ ခုလိုပြောလို့ မအိပ်ခိုင်းတာ မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ တစ်ညကို အနည်းဆုံး ၇နာရီကနေ ၈နာရီအထိ အိပ်ဖို့လိုအပ်ပါတယ်။ အဲ့ဒီနောက်မှာတော့ စောစောထပြီး မနက်စာစား လေ့ကျင့်ခန်းလုပ်တွေဆက်လုပ်သင့်ပါတယ်။ ဒါ ကျန်းမာရေးအတွက်သာမက အသားအရေအတွက်လည်း ကောင်းပါတယ်။
၂။လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းလုပ်ရမှာ ကြောက်ကြတယ်ဟုတ်။ ဒါပေမယ့် မနက်စောစောထပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းဟာ မနက်ပိုင်း စိတ်မကြည်လင်တာတွေ ပျောက်သွားစေမယ့်အပြင် သင့်စိတ်အခြေအနေ ပြောင်းလဲသွားအောင် ကူညီပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာတယ်၊ အပင်ပန်းခံနိုင်လာတယ်၊ စွမ်းအင်တွေ ဖြစ်ထွန်းလာပါလိမ့်မယ်။ ဒီတော့ ပန်းခြံထဲသွား ပြေးမှ၊ လမ်းလျှောက်ပေးမှ လေ့ကျင့်ခန်း လုပ်တယ် မဆိုလိုပါဘူး။ ကိုယ့်အိမ့်မှာ ကြိုးခုန်တာ၊ ယောဂကျင့်တာတွေကလည်း သင့်အတွက် ကောင်းတာပါပဲ။
၃။ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာ စားပေးပါ။
မနက်စာကို ဘယ်တော့မှ မစားပဲ မနေပါနဲ့။ မနက်စာအတွက် သေချာစီစဉ် စားသုံးသင့်ပါတယ်။ ကြက်ဥ၊ အသီးအနှံ၊ ပန်ကိတ် စတာတွေစားသုံးပေးနိုင်သလို ဖြစ်နိုင်ရင် အသီးအနှံ၊အရွက်တွေကို မနက်စာအဖြစ်ပိုစားသုံးပေးသင့်ပါ တယ်။ အသီးအနှံဟာ သင့်စိတ်မှာ မကြည်မလင်ဖြစ်နေတာတွေ၊ ဒေါသတွေကို ဖြေလျှော့ပေးနိုင်တာကြောင့်ပါပဲ။
၎။ကဖင်းဓာတ်တွေကို လျှော့ချပစ်လိုက်ပါ။
ဖြစ်နိုင်မယ်ဆိုရင် တစ်နေ့တစ်နေ့ ခန္ဓာကိုယ်ထဲ ရောက်ရှိသွားတဲ့ ကဖင်းဓာတ်တွေကလည်း သင့်ကျန်းမာရေးအတွက် အနှောင့်အယှက် ဖြစ်စေတာပါပဲ။ မနက်ပိုင်းသာ ကဖင်းဓာတ်များတဲ့အရာတစ်ခုခုကို စားမယ်၊ သောက်လိုက်မိမယ် ဆိုရင် သွေးပေါင်ချိန်တက်မယ်၊ ဒါ့အပြင် စိတ်ဖိစီးမှုများသွားမယ်။ ဒီကနေ အာရုံနောက်တာတွေ ဖြစ်လာမယ်။ ဒီတော့ ဖြစ်နိုင်ရင် မနက်ပိုင်း ကော်ဖီသောက်မယ့်အစား၊ smoothie တစ်ခုခု သောက်ပေးတာမျိုးပဲဖြစ်ဖြစ်၊ ရေနွေးကြမ်းလေး သောက်ပေးတာ ပိုကောင်းပါတယ်။ ရေနွေးကြမ်းမှာ ကဖင်းဓာတ်ပါဝင်တယ်ဆိုပေမယ့် သူက ကော်ဖီထက် အများကြီး ကျန်းမာရေးအတွက် ကောင်းပါသေးတယ်။
၅။သကြားဓာတ်နည်းအောင် ကြိုးစားပါ။
စိတ်တိုတာ၊ ဒေါသဖြစ်တာတွေဟာ သွေးတွင်းရှိသကြားဓာတ်များနေတာ၊ နည်းနေတာနဲ့ သွားပတ်သက်နေပါတယ်။ သွေးအတွင်းမှာရှိတဲ့ သကြားဓာတ် နည်းနေ၊ များနေမယ်ဆိုရင် သင်ဟာ ပင်ပန်းမယ်၊ အိပ်ချင်မယ်၊ စိတ်အလိုမကျတာတွေ ဖြစ်ပါလိမ့်မယ်။ ဒီတော့ ကိုယ်တွင်းမှာရှိတဲ့ သကြားဓာတ်အနည်းအများကိုလည်း သင်ကိုယ်တိုင်ထိန်းချုပ်ပေးရမှာဖြစ်ပါတယ်။
၆။ကျန်းမာရေးနဲ့ညီတဲ့ ဖျော်ရည်၊ ရေ စတာတွေကို သောက်ပေးပါ။
တကယ်လို့ မနက်ပိုင်းမှာ smoothie၊ ရေနွေးကြမ်း စတာတွေ မသောက်ချင်ဘူးဆိုရင် ရိုးရိုးရေ ဒါမှမဟုတ် သံပုရာရည်စတာတွေကို သောက်ပေးပါ။ တစ်နေ့ကို အနည်းဆုံး ရေရှစ်ခွက်သောက်ပေးရမှာ ဖြစ်တာကြောင့် ပထမဆုံးတစ်ခွက်ကတော့ မနက်အစောပိုင်းမှာ သောက်ပေးသင့်ပါတယ်။ ဒါ့အပြင် သံပုရာရည်ကိုလည်း သောက်ပေးနိုင်ရင် ကောင်းပါတယ်။ သူကလည်း ဒေါသတွေပြေလျော့အောင်၊ စိတ်ဖိစီးမှုတွေ လျော့နည်းသွားစေသလို အစာချေစနစ်ကောင်းမွန်တဲ့အပြင် ခန္ဓာကိုယ်အတွက် စွမ်းအားသစ်တွေကိုလည်း မြှင့်ပေးနိုင်ပါတယ်။
Credit>>>Trend Myanmar

No comments:
Post a Comment