နိုက်ဂျီးရီးယားနိုင်ငံက အမျိုးသားတွေဟာ ဘယ်လိုအမျိုးသမီးမျိုးတွေကို စိတ်ဝင်စားကြပါသလဲ။ အိမ်ထောင်ပြုဖို့ ရွေးချယ်ကြသလဲဆိုတာ စိတ်ဝင်စားစရာပါ။
အသားဖြူတဲ့ အမျိုးသမီးများ
အသားဖြူတဲ့ အမျိုးသမီးတွေဟာ အမြဲတမ်း မျက်စိကျခံရတတ်ပါတယ်။ နိုက်ဂျီးရီးယား အမျိုးသားအများစုက အဲဒီလို အသားဖြူတဲ့ အမျိုးသမီးတွေနဲ့ လက်ထပ်ခြင်းက စိတ်ပျော်ရွှင်မှု ရရှိစေလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ အသားမည်းတဲ့ အမျိုးသမီးတွေကလည်း သူတို့ထက် အသားပိုဖြူတဲ့ ပြိုင်ဘက်တွေကို ယှဉ်နိုင်ဖို့အတွက် အသားဖြူခရင်မ်တွေ အသုံးပြုနေကြပါတယ်။
ကြီးမားထွားကြိုင်းတဲ့ အမျိုးသမီးများ
နိုက်ဂျီးရီးယား အမျိုးသားအများစုက ပိန်လှီသေးသွယ်တဲ့ အမျိုးသမီးတွေကို လက်ထပ်ကြလိမ့်မှာ မဟုတ်ဘဲ အဲဒီအစား အတူအိပ်ရင်တော့ အိပ်ကြပါလိမ့်မယ်။ သူတို့မျက်စိထဲမှာ ကြီးမားထွားကြိုင်းတဲ့ အမျိုးသမီးတွေကသာ ပိုလှတယ် လို့ ယုံကြည်ကြပြီး တချို့တွေဆိုရင် တင်ပါးကြီးကြီးနဲ့ အမျိုးသမီးတွေကိုမှ ဒိတ်လုပ်ကြတယ်လို့ ဆိုပါတယ်။
နားလည်မှုရှိတဲ့ အမျိုးသမီးများ
စိတ်မရှည်တဲ့ နိုက်ဂျီးရီးယား အမျိုးသမီး တစ်ယောက်အနေနဲ့ လင်ရဖို့ အခက်တွေ့မှာ အမှန်ပါပဲ။ ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးမှာတောင် အမေးအမြန်းထူတဲ့ အမျိုးသမီးတစ်ဦးကို ဘယ်နိုက်ဂျီးရီးယားအမျိုးသားကမှ လိုချင်မှာ မဟုတ်ပါဘူး။
အလုပ်ကြိုးစားတဲ့ အမျိုးသမီးများ
အလုပ်လက်မဲ့ သို့မဟုတ် ကိုယ်ပိုင်စီးပွားရေး တစ်ခုခုမလုပ်တဲ့ အမျိုးသမီးကို လက်ထပ်ဖို့ ဘယ်တော့မှ စဉ်းစားမှာ မဟုတ်ပါဘူး။ ပညာတတ်တဲ့အပြင် အလုပ်အကိုင်ရှိတဲ့ အမျိုးသမီးတွေကို ထိပ်ဆုံးစာရင်းမှာ ထားတတ်ကြပါတယ်။ လက်ရှိ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေကြောင့် မိသားစု စားဝတ်နေရေး ကိစ္စအရပ်ရပ်ကို သူတို့ဝင်ငွေ တစ်ခုတည်းနဲ့ ပံ့ပိုးပေးနေတဲ့ အမျိုးသားတွေအတွက် မချောင်လှပါဘူး။ အမျိုးသား အများစုကတော့ မိသားစုကို ငွေရေးကြေးရေးမှာ ပံ့ပိုးပေးနိုင်မယ့် အမျိုးသမီးကိုသာ လိုချင်နေကြပါပြီ။“မိသားစုထောက်ပံ့ဖို့မှာ အမျိုးသားရဲ့ တာဝန်ဖြစ်ပြီး သူ့တာဝန်ကို ဝင်ကူဖို့ အမျိုးသမီးအား ခွင့်ပြုစရာ အကြောင်းမရှိပါဘူး။ ယောက်ျားသိက္ခာကျတယ်” ဆိုတဲ့ အမြင်ဟာ အမျိုးသမီးအများစုနဲ့ အမျိုးသား အနည်းငယ်ကသာ ယုံကြည်နေသေးတာဖြစ်ပါတယ်။
Credit>>>Trend Myanmar

No comments:
Post a Comment