Monday, February 9, 2015

ခွေးသားပေါက် ပျောက်လို့ခွေးပျောက်ဆိုင်းပုဒ် လည်ဆွဲရှာဖွေနေ တဲ့ ခွေးမကြီး လူမှုကွန်ရက်မှာနာမည်ကြီးနေ



မေတ္တာတရားဟူသည်ကား သက်ရှိလောကကြီးတစ်ခုလုံးကိုပင် ပြောင်းလဲသွားနိုင်လောက်အောင်ကိုပင် စွမ်းအားကြီးမားလှပါသည်။ ကျွန်တော်တို့ သက်ရှိလူသားတွေမှ မဟုတ်ပါ။ အခြားသက်ရှိသတ္တ ဝါတွေမှာလည်း ကြီးမားလှတဲ့ မေတ္တာတရားတွေရှိနေတတ်တာကို မကြာခဏတွေ့ရပါတယ်။

ခွေးသားငယ်လေးပျောက်သွားတဲ့ နေ့ရက်ကစပြီး မအိပ်နိုင်၊ မစား နိုင်အပူရုပ်ဖြစ်နေတဲ့ ခွေးမကြီးကို သခင်ဖြစ်သူ အမျိုးသားရန်က မ ကြည့် ရက်နိုင်တော့တာကြောင့် လက်တလော စိတ်ကျေနပ်အောင် ခွေး မကြီးရဲ့လည်ပင်းမှာ ခွေးပျောက်ကြော်ငြာဆိုင်းပုဒ်ကိုကိုဆွဲပေး ထားခဲ့လိုက်ပါတယ်။ ခွေးမကြီးက အဲ့ဒီဆိုင်းပုဒ်ကိုသွားလေရာ လည်ဆွဲထားပြီး လူအများရှိတဲ့ နေရာတွေမှာ ဟိုနားသည်နား ခွေး သားပေါက်လေး တွေ့လိုတွေ့ငြားရှာဖွေပါတယ်။

လူတွေလိုပါပဲ။ စိတ်သောကရောက် အပူခွေးမျက်နှာနဲ့ လူအများ ကြားမှာ ဒီဆိုင်းပုဒ်ကိုပြကာပြကာ သားပျောက်ရှာနေပါတယ်။ နောက်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့ခွေးသားငယ်လေး ရဲ့ပုံပန်း သဏ္ဍာန်တို့ကို အသေးစိတ်ရေးသားထားပါတယ်။ ခွေးမကြီးရဲ့ ဒီလို မျိုး သားပျောက်ရှာပုံတော်က လူမှုမီဒီယာမှာလူအများသတိထားမိ လာကြပြီး ဂျင်လင်မြို့နေလူထုကလည်း သူမနဲ့နည်းတူခွေးသား ပေါက်လေးကို ဝိုင်းဝန်းရှာဖွေပေးနေကြတာပဲ ဖြစ်ပါတယ်။

Credit: ဖိုးသူတော်


No comments:

Post a Comment