Monday, February 9, 2015

အနာဂတ် လက်တွဲဖော်အတွက်အမှာစာ...



ချစ်သူ...
အတိတ်မှာ အခါခါကွဲခဲ့ဖူးတဲ့အသည်းကြောင့် ငါမချစ်ချင်ယောင် ဆောင်မိလိမ့်မယ်... ဒါပေမယ့် နင့်ဖုန်းကိုချပြစ်ပြီး ရင်နင်ထပ်ခေါ်ပါစေဆိုပြီး ph screen ကိုကြည့်နေမိမှာပဲ...
.
ချစ်သူ....
ငါ့အပေါ်လိုတာထက်ပိုကြင်နာပေးပါ... အကြင်နာငတ်တဲ့ငါ့အားနည်းချက်ကို နင်နားလည်ပါ... အပြန်လှန်အဖြစ် ငါလဲနင့်ကိုအရမ်းချစ်ပေးမှာပါ... ကြင်နာတဲ့သူအပေါ် ငါသစ္စ္စာဖောက်ရက်ဖို့ ဝေးပါတယ်ဟာ...
.
ချစ်သူ...
ငါဆိုးမိလိမ့်မယ်... နင့်အပေါ်ရိုင်းစိုင်းမိလိမ့်မယ်.... နင့်ညီမလေးတစ်ယောက်လို ငါ့ကိုသက်ညှာပေးပါ... ခွင့်လွတ်ပြုံးတွေနင်ပေးတဲ့အခါ အားကိုးစရာ အကိုလိုချစ်သူတစ်ယောက်ရဲ့ ရင်မှာ မသိနားမလည်တဲ့ ကလေးလို ငါနေချင်လို့ပါ....
.
ချစ်သူ...
ငါအလိုမကျတဲ့အခါ ဆူပူဆောင့်အောင့်မိလိမ့်မယ်... လူအများရှေ့မာန်တင်းထားတဲ့ ငါ့ရင့်ကျက်မူတွေ နင့်ရှေ့မှာ မရှိတာ သတိပြုပေးပါ... နင်သခင်လိုမနေဘူးဆို ငါလဲ နင့်ဘုရင်မ မဖြစ်လိုပါဘူးး... နင့်မင်းသမီးလေးပဲ ဖြစ်လိုပါတယ်....
.
ချစ်သူ....
ငါနင့်ကိုဖုန်းထဲငိုယိုပြီး ရစ်တဲ့အခါ နားမငြီးပါနဲ့နော်... ငါ့ကိုချော့ပါ... ငါဝမ်းနည်းလွန်းလို့ နင်ပွေ့ဖက်ထားတာကို လိုချင်နေတာပါ...
.
ချစ်သူ...
နင့်ကိုငါချစ်မိပြီဆို ငါ့နံရံတွေပြိုကျသွားပြီဆိုတာ သတိပြုပေးပါ.... ငါ့ရင်ကိုနင် မြင်နိင်ဖို့ ဖြိုချခဲ့တာပါ... နံရံမရှိတော့တဲ့ငါ့ကို စိတ်ဆိုးလို့များးမတိုက်ခိုက် လိုက်ပါနဲ့နော်... ငါအင်အားမဲ့နေလို့ပါ....
.
ချစ်သူ....
အချိန်မဆွဲပဲ ငါ့ကိုလက်ထပ်ခွင့်တောင်းပါနော်.... ပုံပြင်တွေထဲကလို ငါပျော်ချင်လို့ပါ... ငါခေါင်းငြိမ့်တဲ့အခါ နင်ပွေ့ဖက်ထားပေးပါနော်....ငါအပျော်လွန်ပြီး လဲပြိုသွားမှာစိုးလို့ပါ....
.
ချစ်သူ...
အဲ့လိုနဲ့တစ်သက်လုံးငါ့ကို ကြင်နာပါနော်... ငါနင့်လက်ထဲရောက်ချိန်မှာ အပြစ်အနာဆာတွေရှိနေလိမ့်မယ်... ဒါပေမယ့် နင်သာတန်ဖိုးထားမယ်ဆို နင့်အတွက် ငါအစွမ်းကုန်တောက်ပ ပေးမှာပါ....



Credit>>>Fee Nix

No comments:

Post a Comment