Monday, February 2, 2015

#ဆွမ်းမွေးရွက်၏_အသုံးဝင်ပုံများ


သဘာဝ သစ်ပင်များသည် လူတို့အတွက် အစားအသောက် အနေဖြင့်လည်းကောင်း ထူးခြားအံ့သြဖွယ်ရာကောင်းသော အဟာရ အမျိုးအမျိုးတို့ကို ဖြည့်စွက်ပေးနိုင်သည့် သတ္တိများကိုသော် လည်းကောင်း ပိုင်ဆိုင်လျှက်ရှိကြပါတယ်။

အခုကျနော် ဖေါ်ပြမှာကတော့ လူသိများပြီး အသုံးနည်းတဲ့ ဆွမ်းမွေးရွက်(ဆွမ်းမွေးပင်) ဖြစ်ပါတယ်။ ထမင်းချက်ရင် ထိုအရွက်ကို ထဲ့ချက်ခြင်းဖြင့် မွေးကြိုင်တဲ့ အနံ့အရာသာ ဖြစ်ပေါ်စေပါတယ်။ သုံးဖူးသူတွေ သိကြမှာပါ။ မုန့်များပြုလုပ်ရာတွင်လည်း ထဲ့သွင်းအသုံးပြုနိုင်ပါတယ်

ဆွမ်းမွေးရွက်ဟာ သူ့ရဲ့ထူးခြားတဲ့ မွေးရနံ့ကြောင့် လူသိများပါတယ်။ များသောအားဖြင့်တော့ အရှေ့တောင်အာရှသားတွေ အသုံးများပြီး အသီးမသီးတဲ့ အပင်မျိုးဖြစ်ပါတယ်။ နယ်ဖက်တွေမှာတော့ အလွယ်တကူ နေရာမရွေးစိုက်ပျိုးနိုင်ပြီး မြို့မှာဆိုရင်တော့ ပန်းအိုးနဲ့ စိုက်ပျိုးနိုင်ပါတယ်။

သူ့မှာပါဝင်တဲ့ အော်ဂန်နစ်ဒြပ်တွေကတော့ tannin, glycosides, alkaloids တို့ပါဝင်ကြပြီး ကျန်းမာရေးအတွက် ကောင်းမွန်သော အကျိုးသက်ရောက်မှု အမျိုးမျိုးကို ပေးပါတယ်။ ဆွမ်းမွေးရွက်ကို အသုံးချ၍ သက်သာနိုင်တဲ့ ရောဂါဝေဒနာများကတော့

၁) ခေါင်းကိုက်ခြင်းနှင့် အဆစ်ရောင် နာကျဉ်ခြင်းများကို သက်သာစေနိုင်ခြင်း။
 

၂) နားကိုက်ဝေဒနာများအတွက် အသုံးပြုနိုင်ခြင်း။
 

၃) ရင်ဘတ်နာကျဉ် ဝေဒနာများ သက်သာစေခြင်း။
 

၎) အဖျား၊ ကိုယ်ပူကျစေခြင်း။
 

၅) အနာကြီးရောဂါ၊ ထိခိုက်ဒါဏ်ရာများနှင့် ရေကျောက်ပေါက်ခြင်းတို့အတွက် အသုံးပြုနိုင်ခြင်း။
 

၆) ကလေးများအတွက် ဝမ်းနုတ်ဆေးအဖြစ် အသုံးပြု နိုင်ခြင်း။
 

) အရေပြားနှင့် ဆက်နွယ်သော ရောဂါများအတွက်။
 

၈) သွားဖုံး ကိုသန်မာစေခြင်းနှင့် ဗိုက်အောင့်ခြင်းများ ပျောက်ကင်းနိုင်စေခြင်း။
 

၉) မီးဖွားပြီးစ မီးနေသည်များ အားအင်များ အမြန်ဆုံးပြန်ပြည့်စေနိုင်ခြင်း။
တို့ဖြစ်ကြပါတယ်။

လည်းကောင်းအရွက်ကို ပြင်ဆင်အသုံးပြုပုံ နည်းအမျိုးမျိုးရှိကြပါတယ်။ နိုင်ငံခြားမှာတော့ အသင့်သောက်နိုင်တဲ့ အရည်အဖြစ် ဗူးအတွင်းမှာထဲ့သွင်း ရောင်းချပါတယ်။ ကျောက်ကျောကဲ့သို့ ပုံစံမျိုးနဲ့လဲ ထုတ်လုပ်ရောင်းချပါတယ်။ အလွယ်ကူဆုံးကတော့ အောက်ပါနည်းအတိုင်း ကြိုချက်ပြီး အအေးခံကာ သောက်သုံးနိုင်ပါတယ်။

ပထမဆုံး ဆွမ်းမွေးရွက်ကို မိမိနှစ်သက်သလောက် ခူးယူ၍ အထုံးလေးတွေ ထုံးလိုက်ပါ။ ထိုသို့ပြုလုပ်ခြင်းကြောင့် ပြီးသွားရင် လည်းကောင်းကို အလွယ်တကူဖယ်ထုတ်ပစ်နိုင်မှာဖြစ်ပါတယ်။

ပြီးလျှင် ထိုအထုံးလေးများကို အိုးထဲတွင် ရေဖြည့်၍ ကြိုပါ။ ရေဆူလာလျှင် ၁၀မိနစ်ခန့် ဆက်လက်၍ကြိုပါ။

ထို့နောက် မီးအေးအေးဖြင့် အိုးကိုအဖုံးပိတ်ကာ ၁၀မိနစ်ခန့်ဆက်ကြိုပါ။ အရွက်များပျော့ပျောင်းလာ၍ အရည်သည် အစိမ်းရောင်သို့ ပြောင်းလာတာကို တွေ့ရပါလိမ့်မယ်။

ဆွမ်းမွေးရွက် အထုံးလေးများကို ဖယ်လိုက်ပြီး အရည်ကိုအအေးခံကာ လေလုံဗူးထဲပြောင်းထဲ့ပြီးနောက် ရေခဲသေတ္တာထဲတွင် တပတ်အထိသိမ်းဆည်းကာ သောက်သုံးနိုင်ပါတယ်။ ကြိုချက်ပြီးအရည်ကို တပတ်အတွင်း သောက်သုံးရမှာမို့ ကုန်နိုင်သလောက် ချင့်ချိန်၍ ကြိုပါ။ ဘေးထွက်ဆိုးကျိုးမရှိတဲ့အတွက် လိုအပ်သလိုသောက်သုံးနိုင်ပါတယ်။

ဆွမ်းမွေးပန်းကတော့ ပွင့်ခဲပါတယ်။ လည်းကောင်းအပွင့်ကို အထက်နည်းအတိုင်း သောက်သုံးရင် ကာမဆန္ဒစိတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

ဆွမ်းမွေးရွက်ကို ဖိလစ်ပိုင်လူမျိုးများက စပါးလင်ရွက် ပျားရည်တို့နှင့် ရောစပ်ကြို၍ ကိုယ်ခန္ဓာအဆိပ်အတောက်များ ပြေပျောက်စေရန် လည်းကောင်း ပန်ကရိယ၊ ကျောက်ကပ်၊ ဆီးအိမ်၊ အသည်းနှင့် သွေးတိုးကျစေရန်တို့အတွက် အသုံးပြုကြသည်။ ထိုင်းလူမျိုး အချို့ကမူ ဆီးချိုရောဂါ ထိန်းချုပ်ရန် အသုံးပြုကြသည်။

ပိုးဟတ်နှင့် အင်းဆက်ပိုးကောင်လေးများသည် ဆွမ်းမွေးရွက် အနံ့မခံနိုင်သည့်အတွက် လည်းကောင်းတို့ မလာစေချင်သည့် နေရာများတွင် အရွက်များ ချထားခြင်းဖြင့် ကာကွယ်တားဆီးနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။



Credit>>>ဝင်းလှိုင်ဦး

No comments:

Post a Comment