Sunday, February 1, 2015

တစ်ပတ်လျှင် (၄၈) နာရီ အထက် အလုပ်လုပ်ပါက အန္တရာယ်ရှိကြောင်း


တစ်ပတ်လျှင် (၄၈) နာရီ အထက် အလုပ်လုပ်ပါက အန္တရာယ်ရှိကြောင်း သုတေသီများဆို
ရက်သတ္တပတ် တစ်ပတ်လျှင် အလုပ်ချိန် (၄၈) နာရီထက် ပိုမို လုပ်ကိုင်ပါက အလွန် အန္တရာယ်များကာ ခန္ဓာကိုယ်တွင်း ပြဿနာများ ဖြစ်ပွား နိုင်သလို အရက် အလွန်အကျွံ သောက်သုံးသူများ ကဲ့သို့ပင် အန္တရာယ်များကြောင်း သိရသည်။
 

ဥရောပတွင် အလုပ်သမားများ အနေဖြင့် အချိန်ပို အလုပ်ချိန် အပါ အ၀င် တစ်ပတ်လျှင် (၄၈) အတွင်းသာ အလုပ်ခိုင်းလေ့ ရှိသည်။ သို့သော်လည်း အလုပ်ချိန် ပိုမိုလုပ်ခြင်းဖြင့် လုပ်အားခ ပိုမိုရရှိသောကြောင့် ကမ္ဘာ့ နေရာ အနှံအပြားတွင် အလုပ်ချိန် များပြားစွာ လုပ်ကိုင် နေကြကြောင်း တွေ့ရသည်။
ထို့ကြောင့် အလုပ်ချိန် များပြားသူများနှင့် အရက် သောက်ခြင်းတို့မှာ ဆက်စပ်လျက် ရှိကြောင်းလည်း တွေ့ရသည်။ လူအများမှာ အလုပ် လုပ်ကိုင်ရသည့် အတွက် ပင်ပန်းမှုကို ဖြေဖျောက်ရန် အတွက် ၀ိုင်နှင့် အရက်များကို အလုပ်ပြီးချိန်တွင် သောက်သုံးလေ့ ရှိကြသည်။ ထိုအမူအကျင့်မှာ အန္တရာယ်များကြောင်း သုတေသီများက ပြောသည်။
 

ထိုသို့ အလုပ် ပြီးဆုံးချိန် အရက် သောက်သုံးသူများကို လေ့လာကြည့်ရာ ဖျားနာ ခွင့်ယူသူ များပြားခြင်း၊ လုပ်ငန်း လုပ်ကိုင်သည့် အရည်အသွေး ကျဆင်းခြင်း၊ ဆုံးဖြတ်ချက် အမှားများ ဖြစ်ပေါ်တတ်ခြင်း နှင့် လုပ်ငန်းခွင် ထိခိုက်မှု ဖြစ်ပေါ်တတ်ကြောင်း သိရသည်။ အလုပ် လုပ်သူများနှင့် ပတ်သက်ပြီး ၎င်းတို့၏ နေထိုင် ရှင်သန်မှု အကြောင်းကို ဖင်လန် ဆေးသိပ္ပံမှ ပါမောက္ခဖြစ်သူ မာရီယာ နာဗာတနန်က နိုင်ငံပေါင်း (၁၄) နိုင်ငံမှ လူပေါင်း (၃၃၃၆၉၃) ယောက်ကို လေ့လာကာ စာတမ်း ပြုစုခဲ့သည်။
 

အဆိုပါ လူဦးရေများထဲမှ (၁၁) ရာခိုင်နှုန်းသည် အရက် သောက်သုံးမှု မြင့်မားကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ပြင် စစ်တမ်းကောက်သည့် လူဦးရေ အတွင်းမှ (၁၀၀၆၀၂) ယောက်ကို အထူးပြု လေ့လာခဲ့ရာ (၁၂) ရာခိုင်နှုန်းခန့်မှာ အရက်ကြောင့် ပြဿနာ ရှိသူများ ဖြစ်နေကြောင်း တွေ့ရသည်။ တစ်ပတ်လျှင် (၄၉) နာရီမှ (၅၄) နာရီ အတွင်း အလုပ် လုပ်သူများမှာ (၃၅) နာရီမှ နာရီ (၄၀) အတွင်း အလုပ် လုပ်သူများထက် ကျန်းမာရေး ချို့ယွင်းမှု (၁၃) ရာခိုင်နှုန်း ပိုမို များကြောင်းတွေ့ရသည်။
ဟားဗတ် တက္ကသိုလ်မှ ပြည်သူ့ ကျန်းမာရေး လက်ထောက် ပရော်ဖက်ဆာ ဖြစ်သူ ကာဆန်ဒရာ ကလည်း ဖွံ့ဖြိုးပြီး နိုင်ငံတွေ အပါအ၀င် နိုင်ငံတိုင်းမှာ အလုပ်ချိန်ကို သင့်တင့်တဲ့ နာရီအတွင်း ကန့်သတ်မှု ပြုလုပ်ပေးဖို့ လိုကြောင်း၊ ဒါမှသာ ပြည်သူ့ ကျန်းမာရေး အတွက် အထောက်အကူပြုပြီး ကြိုတင် ကာကွယ်နိုင်မှာ ဖြစ်ကြောင်း ပြောသည်။



Credit>>>Royal Hero Media

No comments:

Post a Comment