Wednesday, February 4, 2015

ထူးရှယ်ရသာစုံငါးကင်



စားချင်သော ငါးကို သန့်ရှင်းရေဆေး၍ ရေပြန်စစ်ထားပါ။
 

ငါးပတ်ပတ်လည်အား ရသာဝင်စေရန် ဆား နနွင်း ငံပြာရည် ရသာမှုန့်တြို့ဖင့် နှပ်ထားပါ။

ငါးဗိုက်ထဲသို့ဖြည့်မည့် အစာများအတွက် -

ရဲယိုရွက်
ချဉ်ပေါင်ရွက်
ပူစီနံ
ဂျင်းရွက်
ပျဉ်းတော်သိမ်
ရှမ်းနံနံ
ရှောက်ဘီလူးရွက်
မရမ်းသီးခြောက်
စီချွန်ငရုတ်ကောင်း
ကြက်သွန်ဖြူ
ငရုတ်သီးစိမ်း

အားလုံးကို အချိုးကျ ညက်အောင်ထောင်းပြီး ငါးဗိုက်ထဲနှင့် အစာများများစားလိုပါက အပြင်တွင်ပါ

ငါးဖုံးသည်အထိ အုပ်ထားပြီး ရေခဲသေတ္တာထဲတွင် ၄နာရီခန့်နှပ်ထားပါ။
( မရမ်းသီးခြောက်အားရေအနည်းငယ်စိမ်ပြီး ငါးဗိုက်ထဲ ထည့်ပါ )။

အရင်ဆုံး ကင်စက်ကို မီးအပူချိန်များများထားပြီး နှပ်ထားသောငါးအား ထဲ့ကင်ပြီးအဖုံးပြန်အုပ်ပြီး မီးလျှော့၍ ၂မိနစ်ခန့်ကင်ပါ။ အလွန်မွှေးသောအနံ့များထွက်လာလျင် တဖက်သို့ပြန်လှန်ပြီး နောက်ထပ် ၁မိနစ်ခွဲ ထပ်ကင်ပါ။

ကိုယ်တိုင်စိုက်ပျိုးထားသောသဘာဝ Organic ဟင်းရွက်များဖြင့် စားလိုသောအရသာအတိုင်း ဖန်တီးထားတဲ့ ထူးခြားသောအရသာနှင့် ပြည့်စုံသော သဘာဝငါးကင်ရပါပြီ။

အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေရှင်။

Credit>>>Shwe Latt Yar

No comments:

Post a Comment