အသက်ကြီးကြီး အမျိုးသမီးတစ်ဦးဟာ အပျော်စီးသင်္ဘောတစ်စင်းရဲ့ လက်ရန်းနား ရပ်နေချိန်မှာ
လေတိုက်နေတာကြောင့် သူမခေါင်းမှာ ဆောင်းထားတဲ့ ဦးထုပ် လွင့်ကျမသွားအောင်
လက်နှစ်ဖက်နဲ့ တင်းတင်း ဆုပ်ကိုင်ထားပါတယ်။
အဲဒီအချိန်မှာ လူကြီးလူကောင်းတစ်ဦး သူမနားရောက်လာပြီး "ကျွန်တော့်ကို လူတတ်ကြီး
လုပ်တယ်လို့တော့ မထင်စေချင်ပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ ဂါဝန်က လေပြင်းကြောင့် အပေါ်ကို
လွင့်တက်နေတာ သတိထားမိရဲ့လားဗျာ" လို့ မေးလိုက်ပါတယ်။
"ကျွန်မသိပါတယ်"လို့ အမျိုးသမီးကြီးက ပြန်ပြောလိုက်ပြီး
"ဒီဦးထုပ်ကို လက်နှစ်ဖက်နဲ့ ကိုင်ထားမှ လွတ်ထွက်မသွားမှာလေ"လို့လည်း ဆိုလိုက်ပါတယ်။
အမျိုးသားက "ဒါပေမဲ့ဗျာ ခင်ဗျားရဲ့ အတွင်းသားတွေကို မြင်ချင်တိုင်း မြင်နေရတာ ခင်ဗျား
သိရဲ့လား"လို့ ဆိုလိုက်ပြန်တာကြောင့် အမျိုးသမီးကြီးဟာ အမျိုးသားကို ခြေဆုံးခေါင်းဆုံး
ကြည့်လိုက်ပြီး"ဆရာကြီးရေ.. ရှင်မြင်နေရတဲ့ အတွင်းသားတွေက ၈၅ နှစ်တောင်ကြာနေပြီ။
ဒီဦးထုပ်လေးက မနေ့ကမှ ၀ယ်ထားတာ"လို့ ပြန်ပြောလိုက်ပါတယ်။
ဖိုးသူတော်
Monday, February 9, 2015
ဟာသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment