ကျွန်ုပ်တို့အားလုံးဟာ ကလေးတွေကို ချစ်တတ်ကြပါတယ်။ ကလေးတွေနဲ့အတူ ကစားရတာ သဘောကျတယ်။ ကလေးတွေဘေးနားမှာ သူတို့ဆော့တာကို ထိုင်ကြည့်ရတာ၊ သူတို့လေးတွေ ဆေးရောင်စုံခြယ်တာကို ကူပေးရတာ စသဖြင့်ပေါ့။ ဒါပေမယ့် မိဘတွေနဲ့ ကလေးတွေအတွက် သူတို့ဘာသာသူတို့ ထားပေးသင့်တဲ့အချိန် ရှိနေပါတယ်။ ဒါဟာ ကလေးတွေကို တံခါးပိတ်ပြီး အပြင်ကနေ စောင့်ပေးတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့လေးတွေအတွက် ကိုယ်ပိုင်အချိန် ဖန်တီးပေးတာ၊ သူတို့ဘာသာသီးသန့်ရှိနေချိန်မှာ ဘယ်လိုပြုမူလုပ်ဆောင်မယ်ဆိုတာ စောင့်ကြည့်တာမျိုးတွေ လုပ်ပေးဖို့ လိုပါတယ်။ မိဘတွေအနေနဲ့ လိုအပ်တာထက်ပို ကလေးတွေ ဘေးနားရှိမနေသင့်ပါဘူး။ ဒီတော့ သင်ရော ဒီလိုမိဘတစ်ဦး ဟုတ်မဟုတ် ကြည့်ရအောင်။
၁။သင်အင်္ကျံ အ၀တ်အစားသစ်တွေ မ၀ယ်ဖြစ်တာ၊ ကိုယ့်အတွက်ကိုယ် ရှော့ပင်မထွက်ဖြစ်တာ အလွန်ကိုကြာပြီ။
ကလေးဘေးနားမှာပဲ အချိန်တိုင်း ရှိနေဖြစ်တာမို့ အပြင်တွေဘာတွေ သိပ်မသွားဖြစ်သလို ကိုယ့်အတွက်ကိုယ်တောင် အင်္ကျံအ၀တ်အစားတွေ မ၀ယ်ဖြစတာ၊ ရှော့ပင်မသွားဖြစ်တာ ကြာပေါ့။
၂။Facebook မှာဆိုရင် ကလေးပုံ၊ ကလေးအကြောင်းကလွဲပြီး အခြားလူမှုရေးအကြောင်း ဘာဆိုဘာမှ တင်စရာမရှိတော့ဘူး။
အရင်တုန်းကလို သူငယ်ချင်းတွေနဲ့လည်း မဆုံဖြစ်တော့သလို အခြားလူမှုရေးအလုပ်တွေလည်း ပျက်ကွက်နေတာကြာပြီမို့ သင့် facebook စာမျက်နှာမှာ တင်စရာဆိုလို့ ကလေးပုံလေးတွေ၊ ကလေးအကြောင်းတွေချည်း ဖြစ်နေပြီ။
၃။နားထောင်နေကျ သီချင်းပုံစံတွေထက် ကိုယ့်ကလေး သဘောကျတဲ့ သီချင်းတွေချည်း နားထောင်ဖြစ်နေတယ်။
အရင်က ကိုယ်နေ့တိုင်း နားထောင်လေ့ရှိတဲ့ သီချင်းပုံစံတွေအစား ကိုယ့်ကလေးကြိုက်တဲ့ သီချင်းတွေပဲ အမြဲဖွင့်နားထောင်ဖြစ်နေတယ်။
၎။မကြာခဏဆိုသလိုကလေးအိပ်ယာဘေးမှာအိပ်ပျော်သွားပြီးကလေးအိပ်ယာဘေးမှာပဲ ပြန်ပြန်နိုးလာတတ်တယ်။
ကလေးဘေးနားမှာပဲ ရှိတာများတော့ ကိုယ့်အိပ်ယာပေါ်မှာတောင် ကိုယ်မအိပ်ဖြစ်တော့တဲ့အထိပဲ။ ကလေးဘေးနားမှာ အချိန်တိုင်း ရှိနေတာဆိုတော့ ကလေးအိပ်ယာဘေးမှာ မကြာခဏအိပ်ပျော်သွားတတ်သလို ပြန်နိုးလာတိုင်း လည်း ကလေးဘေးနားချည်း ဖြစ်နေတယ်။
၅။ကလေးထိန်းကတောင် သူ့ကို ငှားဦးမှာလား၊ မငှားတော့ဘူးလား ကိုယ့်ကို မေးရတဲ့အထိပဲ။
အရင်က တစ်ပတ်ကို ဘယ်နှစ်ရက်ဆိုပြီး ငှားထားလေ့ရှိတဲ့ ကလေးထိန်းက သူ့ကို မခေါ်တော့တာကြာပြီမို့ ကိုယ့်ကို ဆက်ငှားမလား၊ မငှားတော့ဘူးလား မေးရတဲ့အထိ ကိုယ်တိုင်ပဲ ကလေးဘေးနား အချိန်တိုင်းရှိနေဖြစ်တယ်။
၆။ကလေးနဲ့ ဆော့ရဖို့ သင်အမြဲစိတ်လှုပ်ရှား ပျော်ရွှင်နေတတ်တယ်။
အိမ်ထဲမှာ ကလေးနဲ့အတူဆော့ရတာ ဘယ်တော့မှ ငြီးငွေ့သွားတာမျိုးမရှိဘူး။ ကိုယ် ဒီရွယ်တုန်းက အဖေ၊အဖေတွေက ကိုယ့်ကို ဒီလောက်ဂရုမစိုက်ခဲ့ဘူးအထင်နဲ့ ကလေးကို ပိုဂရုစိုက်ဖြစ်နေတယ်။
၇။အမျိုးသားကတောင် သူ့အတွက် အချိန်မပေးတော့လို့ ပြောယူရတဲ့အထိပဲ။
ကလေးရပြီးကတည်းက တစ်ချိန်လုံးကလေးအတွက်ချည်း အချိန်ကုန်ဆုံးနေတာမို့ အမျိုးသားနဲ့ ညဘက်အတူအိပ်ဖို့တောင် အဆင်မပြေတော့တာမျိုးတွေ ဖြစ်လာတာမို့ အမျိုးသားကတောင် ပြောယူရတဲ့အထိပဲ။
၈။ကိုယ့်ကလေးကို ဘယ်သူနဲ့မှ စိတ်မချလို့ ဘယ်သူ့လက်ထဲမှ ထည့်မပေးဖြစ်ဘူး။
သူစိမ်းမဟုတ်တဲ့ အဘိုး၊ အဘွား၊ အဒေါ်တွေ လက်ထဲတောင် မထည့်နိုင်တဲ့အထိ ကလေးကို မျက်ခြေမပြတ်ထားပြီး ကြည့်နေတတ်တယ်။ ကိုယ့်ဘေးမှာပဲထား၊ ကိုယ်တစ်ခုခုလုပ်မယ်ဆိုရင်တောင် ကလေးကို အနားမှာထားပြီး လုပ်တတ်တယ်။
Credit>>>Trend Myanmar

No comments:
Post a Comment