Monday, February 9, 2015

အိမ်ခြံမြေဈေးကွက် ဘာကြောင့် အေးစက်သွားရတာလဲ



လက်ရှိမြန်မာပြည်ရဲ့ အိမ်ခြံမြေဈေးကွက် အေးစက်သွားရတဲ့ အကြောင်းရင်းက ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွေအပြီး ဈေးနှုန်းအတက်အကျကို စောင့်ဆိုင်းနေတာကြောင့်လို့ House.com.mm က ဖေဖော်ဝါရီ ၉ရက်နေ့မှာ ပြောလိုက်ပါတယ်။ နောက်ထပ် ဘာအပြောင်းအလဲတွေကြောင့် ခြံအိမ်မြေပူပေါင်းပြီး ရပ်တန့်နေတာလဲ။

လာမယ့် ရွေးကောက်ပွဲအပြီး အိမ်ခြံမြေဈေးနှုန်းအတက်အကျကို စောင့်ဆိုင်းနေတာကြောင့် လက်ရှိဈေးကွက်ဟာ အေးစက်သွားတာဖြစ်သလို အစိုးရရဲ့ ကွန်ဒိုဥပဒေကြောင့်လည်း ပါတယ်လို့ Jan Sommerfeld က သူတို့ကုမ္ပဏီရဲ့ ဝန်ဆောင်မှုအသစ်ဖြစ်တဲ့ Call for Homeအစီအစဉ်ကိုမိတ်ဆက်တဲ့ပွဲမှာ ပြောခဲ့ပါတယ်။ အိမ်ခြံမြေဈေးကွက် ပြန်ကောင်းလာဖို့က ခိုင်မာတဲ့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ အစိုးရကလုပ်နိုင်မယ်ဆိုရင် ပြည်သူတွေက အိမ်ရာပိုင်ဆိုင်မှုမြင့်လာရင် ပိုကောင်းမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက အိမ်ခြံမြေရှာဖွေရေး အွန်လိုင်းစာမျက်နှာဖြစ်တဲ့House.com.mm လည်ပတ်နေတဲ့ Lamudi Global ကုမ္ပဏီကို ဂျာမဏီTengelmann Venture ရင်းနှီးမြှုပ်နှံမှုအဖွဲ့က အမေရိကန်ဒေါ်လာ ၁၈သန်း ပေးအပ်ခဲ့တာကြောင့် ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ပေးဖို့၊ Call for Homeကိုလည်း မိတ်ဆက်တဲ့ အခမ်းအနားကို 50th Street Bar မှာ ပြုလုပ်ခဲ့ပါတယ်။
သူတို့ကုမ္ပဏီ မြန်မာပြည်မှာ လုပ်ငန်းစတင်ချိန်က အင်တာနက်ဖုန်းလိုင်းတွေ မကောင်းပေမယ့် အခုတော့ အင်တာနက်သုံးစွဲသူတွေ များလာပြီလို့ ဆိုပါတယ်။ အွန်လိုင်းကနေ အိမ်ခြံမြေရောင်းဝယ်မှု များလာမယ့်အကြောင်း၊ သူတို့ကုမ္ပဏီဟာ မနှစ်က ဒေါ်လာ ၇သန်းပဲ ရရှိခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဒေါ်လာ ၁၈သန်း ရခဲ့တဲ့အကြောင်း၊ အွန်လိုင်းသုံးတဲ့သူတွေအတွက် သူတို့အကောင်းဆုံး ဖြစ်ဖို့လုပ်နေတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

Credit>>>Kamayut Media

No comments:

Post a Comment